နောက်တနေ့
Kong'pov
**********ငါ ရှာတွေ့ပြီ...ငါတို့ အခုသွားမှရမယ်] ဟု Aim က link ဖြင့် လှမ်းပြောလာခဲ့သည်။
ကျွန်တော် ငြီးတွရင်း နံရံကို လက်သီးနှင့် ထိုးလိုက်မိသည်။
"Darling..." ဟူသော အသံကို ကြားလိုက်ရ၍ နောက်သို့လှည့်ကြည့်လိုက်တော့ စိတ်ပူနေ့ တဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ရဲ့ arthit ကို တွေ့လိုက်ရသည်။
Arthit က ဆက်ပြီး "ဘာဖြစ်နေတာလဲ" လို့ မေးလာတော့သည်။
"ဟင်း...Aim က မကောင်းဆိုးဝါးတေရှိတဲ့နေရာကို သိရပြီတဲ့...အဲ့ဒါ ကိုယ်တို့ ခုသွားရမယ်" လို့ပြောလိုက်တော့ arthit မျက်နှာလေးက ပျက်သွားတော့သည်။ ထို့ကြောင့် သူ့အနားသို့ သွားလိုက်ကာ " ကိုယ်တို့ကလေးတေမွေးတဲ့အချိန်မှီအောင် ကိုယ်ပြန်လာခဲ့မယ်...ကိုယ် ကတိပေးတယ်နော်"ဟု ပြော၍ သူ့ရဲ့နှာခေါင်းလေးကို နမ်းလိုက်ပြီး မှ နှုတ်ခမ်းလေးကို တဆင့်တိုးပြီး နမ်းလိုက်သည်။"မင်းပဲအပြောကောင်း" ဟု သူက ကျွန်တော့ကို မျက်စောင်းနုနုလေးထိုးရင်း ပြောလာတော့သည်။ ထိုအချိန်တွင်
[သွားကြမယ်] ဟု Alpha တယောက်ရဲ့ အမိန့်သံပါတဲ့ လေသံနဲ့ link မှ တဆငိ့ပြောလာတဲ့ Aim ရဲ့အသံဆိုးကြီးကို ကြားလိုက်ရသည်။
ကျွန်တော်လဲ...arthit ပါးလေးကို နမ်းကာ နှုတဆက်လိုက်တော့ သူက ပြန်နမ်ကာ "မင်းကို ချစ်တယ်" ဟု ပြောလာတော့သည်။ ကျွန်တော်လဲ သူ့ရဲ့ဗိုက်ပူပူလေးကို နမ်းကာ "ပါးပါး ပြန်မလာမချင်း မထွက်လာနဲ့အုံးနော်" ဟု ကျွန်တော် ပြောနေသည်ကို ကြည့်ပြီး arthit က တခစ်ခစ်နဲ့ရယ်နေလေတော့သည်။Arthit'pov
**********
သူ သွားပြီ။
ကျွန်တော်လဲ တယောက်ထဲမနေချင်သဖြင့် May တို့အိမ်သို့ထွက်လာခဲ့လိုက်သည်။ သွားနေရင်းကနေ ကျွန်တော့စိတ်ထဲတွင် သိချင်နေမိသည်က ကျွန်တော် နာကျင်နေလျှင် kong က သိနိုင်သလားဆိုတာကိုပါ....ဘာလို့လဲဆိုတော့ စာအုပ်တအုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။ mate ရဲ့ နာကျင်နေမှာကို သူ့ရဲ့သခင်wolf က ခံစားသိနိုင်သည် ဟူ၍....ကျွန်တော့်စိတ်ထဲတွင် ထိုအကြောင်းအရာက စွဲနေလေသည်။ ကျွန်တော်လဲ May တို့အိမ်ကိုရောက်တော့ အိမ်ထဲဝင်လိုက်ရင်း "May "ဟု ခေါ်လိုက်တော့ သူမက ကျွနလတော့ကို မော့ကြည့်လာသည်။
May-ပြောလေ...
Arthit- mate တေက လေ အချင်းချင်း နာကျင်နေရင် သိနိုင်လား
May- အင်း..သိနိုင်တယ်
Arthit- ဟုတ်လား...အဲ့ဒါဆိုရင်..သူနာကျင်နေရရင် ငါရော..ဘာဖြစ်နိုင်လဲ...
May-ဖြစ်တော့ဖြစ်လိမ့်မယ်...ဒါပေမဲ့ အရမ်းဆိုးဆိုးတော့မဟုတ်ဘူး...ဘာလို့လဲ..
Arthit- အေး...ငါတော့ ကလေးတေမွေးတော့မယ်ထင်တယ်...ပြီးတော့လေ...
May- ဘုရားရေ...
Arthit- အဲ့ဒါကိုရော သူက ခံစားပြီးသိနိုင်လား...
သူမက ခေါင်းသာငြိမ့်ပြလာသည်။