Kong ' pov
ကျွန်တော် အပေါ်ထပ်သို့ တက်လိုက်ပြီး ကျွန်တော် တို့ရဲ့ အိပ်ခန်းထဲရောက်တော့ အိပ်ရာပေါ်မှာ ဖုန်းကို သုံးနေတဲ့ Arthit ကို တွေ့လိုက်ရသည်။ " Hey....အဆင်ပြေရဲ့လား " ဟု မေးပြီး သူ့ဘေး တွင် ဝင်ထိုင်လိုက်သည်။ သူက ကျွန်တော့်ကို ကြည့်လာပြီး " ငါ အဆင်ပြေပါပြီ" ဟု ပြန်ပြောလာတော့ ကျွန်တော်လဲ ခေါင်းငြိမ့်ပြလိုက်ပြီး " OK..." ဟုပြောလိုက်သည်။ နောက်တော့ ထိုင်ရာကထပြီး နဲနဲလျှောက်လိုက်ကာ သူနဲ့ ခပ်လှမ်းလှမ်း အရောက်တွင် ပြန်ထိုင်လိုက်သည်။
ကျွန်တော့ ကိုယ်ထဲက wolf က [ ငါ... ဒီအခြေအနေကို မုန်းလိုက်တာ] ဟု ရေရွတ်လာသည်ကို ကြားလိုက်ရ၍ ကျွန်တော် လဲ သက်ပြင်းချလိုက်ကာ [ ငါရောပဲ ] ဟု ပြန်ပြောလိုက်မိသည်။
ထို့နောက် ကလေးတွေ အခန်းဘက်မှ ငိုသံသဲ့ သဲ့ ကိုကြားလိုက်ရ၍ မတ်တတ်ထရပ်လိုက်ပြီး " ကိုယ် အမွှာတွေဆီ သွားလိုက်အုံးမယ်" ဟု ပြောလိုက်သည်။ arthit ဆီမှ "ငါ တောင်းပန်ပါတယ်" ဟူသော အသံကို ကြားလိုက်ရ၍ သူ့ဘက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။ ထို့နောက် "မင်းက ဘာလို့ တောင်းပန်ရတာလဲ" ဟု မေးလိုက်တော့ " ငါ အခုလိုတွေ ဖြစ်ခဲ့ရလို့..." ဟု ပြန်ဖြေလာသော သူ့ကြောင့် ကျွန်တော်လဲ "honey...မင်းမှာ ဘလိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ... တခြားဟာတွေပဲ ထပ်ပေါ်လာလာ ကိုယ် အကုန်လုံးကို နားလည်တယ်" ဟု ပြောပြီး သူ့လက်တွေကို သူပြန်ဆုပ်နယ်နေသော သူ့ဆီသို့ လမ်းလျှောက်သွားလိုက်ကာ ကုတင်ပေါ်တွင် ထိုင်နေသော သူ့ကို ဆွဲထူလိုက်ပြီး ရင်ခွင်ထဲသို့ ထည့်ထားလိုက်မိသည်။
"ကျွန်တော် Kong ကို ချစ်တယ်"ဟု ရင်ခွင်ထဲတွင် ဝမ်းနည်းစွာမျက်ရည်ကျနေသော arthit ဆီမှ အသံ တိုးတိုးလေးကို ကြားလိုက်ရ ၍ ကျွန်တော် ပြုံးမိသွားရပြီး "ကိုယ်လဲ ချစ်ပါတယ်...Baby ... ခုတော့ ကလေးတွေဆီသွားကြရအောင်" ဟု ပြောပြီး သူ့လက်လေးကို ဆုပ်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ကျွန်တော် ထိုလူသားကို ဘာပဲဖြစ်နေဖြစ်နေ ချစ်နေတုန်းပါပဲ။
ကလေးတွေရဲ့ အခန်းရောက်တော့ သူက Marie ရဲ့ ပုခက်ဆီကို အရင်သွားလိုက်ပြီး သူမကို ကောက်ချီလိုက်သည်။ သူမလေးဆီမှ "Da...." ဟူသော အသံလေး ထွက်လာသောအခါတွင်တော့Arthit မျက်လုံးမှ မျက်ရည်များ ကျလာလေတော့သည်။ "ငါ့ကလေးလေး " ဟုရေရွတ်ရင်း သူ့ရင်ဘတ်ထဲတွင် Marie ကို ပိုက်ထွေးထားလေသည်။ ကလေးတွေ အခန်းထဲတွင် ခနနေလိုက်ပြီး ကျွန်တော် တို့ ၄ယောက်လုံး ကျွန်တော်တို့ အိပ်ခန်းဆီသို့ ပြန်လာခဲ့လိုက်ကြသည်။
ကလေးနှစ်ယောက်က ကျွန်တော်တို့ရဲ့ ရင်ဘတ်ပေါ်တွင် ရှိနေကြပြီး Slia က သူ့ပါးပါး Arthit ကို ကြည့်နေပြီး " Daaaa!" ဟူသော အသံ ထွက်လာပြီး သူ့ရဲ့ လက်သေးသေးလေးတွေကို Arthit ဘက် ဆန့်ထုတ်ကာ နှုတ်ခမ်းလေးကို စူထုတ်ထားသည်မှာ သူ့ပါးပါးနှင့် တူလှသည်။ Arthit က သူ့သားကို ပြန်ကြည့်လိုက်ပြီးတော့ လက်ထဲမှ Marieကို ပြလိုက်တာ့ Slia က စိတ်ဆိုးကာ ကျွန်တော့ကိုယ်ပေါ်က လျှောချပြီး သူ့ပါးပါးထိုင်နေသည့်ဆီသို့ လှည့်ကာ "Da..." ဟု ထပ်အသံပြုလိုက်၍ Arthit လဲ မနေနိုင်တော့ဘဲ သူ့လက်ထဲမှ Marie ကို ကျွန်တော့်လက်ထဲံ သို့ ပြောင်းပေးပြီး Slia ကို ချီလိုက်သည်။
ထို့နော်က ထိုကောင်ဆိုးလေးကို သူ့ရင်ဘတ်ပေါ်တွင် ထိုင်စေပြီး Slia ခေါင်းပေါ်သို့ သူ့မေးစေ့လေးတင်လိုက်ပြီး " နှစ်ယောက်လုံးကို လွမ်းနေတာ" ဟု ရေရွတ်ကာ အိပ်ရာပေါ်သို့ လှဲချလိုက်လေသည်။ ကျွန်တော်လဲ Marie ကို ဗိုက်ပေါ်တင်ကာ လှဲချလိုက်တုန်းမှာပဲ....
Aim ဆီမှ အချက်ပေးသံနှင့်အတူ " Kong...ငါတို့မှာ ပြသနာ တခုတက်နေတယ်" ဟူသော အသံပါပါလာ၍ ကျွန်တော်လဲ စိတ်ထဲမှ ပြန်ဆက်သွယ်လိုက်ရင်း " ဘာလဲ" ဟု ပြန်မေးလိုက်တော့ Aim ဆီမှ " ဒီကို Mr. and Mrs. Rojnapet တို့ ရောက်နေတယ်" ဟု ချက်ချင်းပြန်ဖြေလာသဖြင့် ကျွန်တော်လဲ "ငါလာခဲ့မယ်.." ဟု ပြောပြီး link ကို ပိတ်လိုက်ပြီး Arthit ဘက်သို့ လှည့်လိုက်ကာ "Baby....baby... မိဘတွေ Pack House ကို ရောက်နေကြတယ်" ဟု ပြောလိုက်သည်။ ထိုအခါ မှိတ်ထားသော Arthit မျက်လုံးတွေ ပြူးလာပြီး " ကျွန်တော်တို့ သွားရအောင်" ဟု ပြောပြီး ချက်ချင်းပဲ မတ်တတ်ထရပ်ကာ ကလေးတွေ အခန်းသို့ လျှောက်သွားသဖြင့် ကျွန်တော်လဲ Marie ကိုချီကာ သူ့နောက်သို့ လိုက်ရလေတော့သည်။
ကလေးတွေ အခန်းရောက်တော့ သူက Slia ရဲ့ အနွေးထည်နဲ့ ဖိနပ်ကို ယူလိုက်သဖြင့် ကျွန်တော်လဲ သူ့နည်းတူMarie ပစ္စည်းတွေ ယူကာ လေးယောက်သား သူ့မိဘတွေရောက်နေသော Pack ဆီသို့ ထွက်လာခဲ့လိုက်တော့သည်။