"Ah...hello...ကျွန်တော် က Alpha Pitcher ပါ"....ဟု ရုပ်ဆိုးလှသော သူကTew အား နှုတ်ဆက်လိုက်သည်။
Tew- hello...Beta Kong မှာ mate ရှိတာသိလား...
Pitcher- မသိပါဘူး...ဒါနဲ့ alpha ကဘာလို့ဒီရောက်လာတာလဲ...
Tew- ကျွန်တော်...ဒီကိုလာတာ kong suthiluk ရဲ့ mateကို လာရှာတာပါ...
Pitcher- သူဒီမှာ မရှိပါဘူး...
Tew- ကျွန်တော်ကရော...သူဒီမှာရှ်တယ်လို့ပြောမိလို့လား...ဒါမှမဟုတ် ခင်ဗျားဖမ်းထားလို့လား...ဟု မျက်ခုံးကိုပင့်ကာ မေးလိုက်တော့ pitcher က မျက်လုံး အစုံပြူးသွားပြီး ပြာပြာသလဲဖြင့်
"ဘာ"ဟူသော အသံကြီးထွက်လာတော့သည်။ ထိုအချိန်တွင် သီချင်းသံကျယ်ကြီး တခုကို ကြားလိုက်ရသည်။ သီချင်းသံပိုင်ရှင်ကတော့ arthit...သူ့အသံကို ကြားပြီး pitcher တော်တော်စိတ်ပျက်သွားပြီး လည်ချောင်းကို ရိုက်မချိုးမိတာကို နောင်တရနေမိသည်။ ပြီးတော့ သူ့ကို ဘသူက သီချင်း အကျယ်ကြီး အော်ဆိုခိုင်းမိပါလိမ့် ဟု သာတွေးနေမိတော့သည်။
Tewကတော့ မျက်လုံး အစုံကို မှေးလိုက်ရင်း pitcher ကို ကြည့်လိုက်ကာ"မင်းဖမ်းထားတာပဲ...မင်းရဲ့အကျိုးဆက်ကိုတော့ တွေးထားပါ" ဟုပြောကာ အသံလာရာဆီသို့ထွက်သွားလိုက်တော့သည်။ pitcher လဲ tewလို werewolf အကြီးအကဲတယောက်ရှေ့မှာတော့ ရုန့်ရင်းဆန်ခတ်မလုပ်ရဲပါ။Arthit'pov
**********
ကျွန်တော် တယောက်ယောက်နဲ့ ရုပ်ဆိုးဆိုးလူကြီးနဲ့စကားပြောနေသံသဲ့သဲ့ကို ကြားလိုက်ရ၍ နာကျင်နေသည့်ကြားထဲမှ အသံထွက်ကာ သီခိင်းအော်ဆိုလိုက်မိသည်။ ကျွန် တော့် အကြံ အောင်မြင်လား...မအောင်မြင်လား...တော့ မသိပါ...ကျွန်တော် ရှိရာဆီသို့ လျှောက်လာနေသော ခြေသံများကို ကြားလိုက်ရသည်။
"Kongလား...." ဟု ကျွန်တော် မေးလိုက်မိသည်။
ထိုအချိန်မှာပဲ "ahh...ကျွန်တော်က Tew ပါ" ဟူသော အသံနဲ့အတူ လျှောင်အိမ်တံခါယပွင့်ပြီး လူတယောက်ဝင်လာလေသည်။ "မင်းက kong တို့ pack ကလူလား ဟင်" ဟု ကျွန်တော်အားကိုးတကြီးမေးလိုက်မိသည်။
ထိုသူစိမ်းက ခေါင်းငြိမ့်ပြပြီး ကျွန်တော့်ကို လာထူလေသည်။
ပြီးမှ " မင်းက kong ရဲ့ mateမလား " ဟု မေးလာသည်။ကျွန်တော်လဲ သူ့ကို မော့ကြည့်ကာ ကျေးဇူးတင်ကြောင်းအခါခါပြောနေမိတော့သည်။ ကျွန်တော်နဲ့ ကျွန်တော့်ကလေးလေးတေ ငြိမ်းချမ်းစွာနှင့် သူ့ပါးပါးဆီပြန်ရောက်တော့မည်လေ။ ကျွန်တော် တွေ့ချင်သူက kong ပါ။ သို့သော် သူ့ကို ခုချိန်ထိအရိပ်လေးတောင်မမြင်ရသဖြင့်စိတ်နဲနဲကွက်နေမိတော့သည်။
ထိုအချိန်တွင် tew ဟူသော သူက "ကျွန်တော့်ရဲ့ pack ကို အရင်သွားရအောင် kong က အဲ့ကို လာပါလိမ့်မယ်...အဲ့မှာ ဆရာဝန်နဲ့လဲ အဆင်ပြေမပြေစစ်ဆေးလို့ရအောင်ပါ" ဟု ပြောပြီး ကျွန်တော့်ကို ဂရုတစိုက်နှင့်တွဲကာ ခေါ်နေလေသည်။ အပြင်တွင် မတ်မတ်ကြီးရပ်နေသော ရုပ်ဆိုးသော သူကတော့ အံ့ကြိတ်ကာကြည့်နေသည်မှအပ ဘာမှမလုပ်ခဲ့ပါ။Kong'pov
*********
"ရပြီလား...သူ့ကိုကယ်လို့ရပြီလား...အေး..ငါသူ့ကိုပြောလိုက်ပါ့မယ်" ဟု Aim ကပြောကာ..ဖုန်းကို ချလိုက်ပြီး ရီနေလေတော့သည်။
"ဘသူ့ဆီကလဲ" ဟု ကျွန်တော် စိတ်မပါစွာမေးလိုက်မိသည်။
ထိုအခါ aim က "alpha tew ဆီကဆက်တာ...သူarthit ကို ကယ်ပြီးပြီတဲ့" ဟု ပြောလာသည်။ "ငါခုသွားမယ်" ဟု ပြောပြီး ထွက်သွားဖို့ပြင်လိုက်တော့ Aim က " မင်းတခုခုစားပြီးမှ သွားရမယ်" ဟု ပြောလာသဖြင့် သူ့ကို ကျွန်တော် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်မိသည်။
Kong- ဒါပေမဲ့...
Aim - kongg... ကျွန်တော်လဲ သူ့ကို ဘာမှပြန်ပြောမနေတော့ဘဲ မီးဖိုချောင် သို့သွားကာ ရေခဲသေတ္တာကို ဖွင်၍ အထဲက ကြက်ကြော်တတုံးကို ထုတ်ယူလိုက်သည်။ ထို့နောက်အေးစက်နေသည်ကို လည်း သတိမထားနိုင်တော့ဘဲ...စားလိုက်သည်။ ပြီးတော့ aim ဘက်လှည့်ကာ "သွားလို့ရပြီလား" ဟု မေးတော့ aim က ခေါင်းငြိမ့်ပြသဖြင့် ကျွန်တော်လဲ အိမ်ပြင်သို့ပြေးထွက်ရင်း wolf ပုံစံပြောင်းလိုက်ကာ
*ကိုယ်...မင်းဆီကိုလာနေပြီ...baby* ဟု တွေးကာ ထွက်လာခဲ့တော့သည်။
*******မup တာကြာလို့မေ့ပစ်ကြပြီလား
တကယ်မအားလို့ပါ...
ပြီးတော့ FM တေရော ep2ရောဆိုတော့...စိတ်နဲ့လူနဲ့တခြားတေဖြစ်ကုန်လို့ပါ။😁😁😁