Arthit'pov
**********
ကျွန်တော့်မျက်လုံးတေကို ပိတ်ထားမိသည်။ ထိုအချိန်မှာ kong က သူ့ရဲ့ကလေးလေးတေကို တိုးတိုးလေး နှုတ်ဆက်ပြီး စကားပြောနေသည်ကို ကြားလိုက်ရသည်။ (စကားပြောတေကတော့ kong'pov ထဲမှာ ပြီးခဲ့တဲ့အပိုင်းတုန်းက ပါပြီးသားပါ)
Kong က သူ့ကလေးလေးတေနှင့် စကားပြောပြီး ကျွန်တော့်ရဲ့ ဗိုက်ပူပူကို အနမ်းပေးလိုက်သည်ကိုလဲ ခံစားလိုက်ရသည်။
"သူတို့ရော...မင်းရော...မနာကျင်စေရပါဘူး" ဟု အိပ်ပျော်နေသော ကွန်တ်ာကိုကြည့်၍ ပြောလာသည်ကို မှေးမှေးလေးဖွင့်ထားသော မျက်လုံး မှတဆင့်မြင်လိုက်ရသည်။
"မင်းက ဘလိုသိမှာလဲ" ဟု တိုးတိုးလေးထပ်ရေရွတ်လာတော့ ကွန်ော်တက ပခုံးတချက်တွန့်လာကာ "ငါ..သိပါတယ်"ဟု ပြန်ပြောလိုက်သည်။ထို့နောက်ကျွန်တော် မျက်လုံးတို့ကို ဖွင့်လိုက်ကာ "ကလေးတေကို ဘသူက မွေးပေးမှာလဲ" ဟု မျက်နှာငယ်လေးဖြင့် ကိုကြည့်ကာ မေးလိုက်မိသည်။ ကျွန်တော် ကလေးမွေးဖို့ကို စိတ်ညစ်နေမိသည်။ ဘသူကမွေးပေးမှာလဲ?ကျွန်တော်တို့ဆီမှာ ဆရာဝန်က မရှိဘူးလေ...ထို့အပြင် ယောက်ကျားလေးကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်တဲ့ အတွေ့အကြုံရှိတဲ့ nurse လဲ ရှိပါ့မလားဆိုတာ မသိပေ။
"မင်း...ဘာတေပြောနေတာလဲ...ကိုယ်တို့မှာ ဆရာဝန်ရှိတယ်လေ" ဟု ကျွန်တော့်စကားကို နားမလည်နိုင်ဘဲ သူပြန်မေးလာသည်။ သူတကယ်ပဲ မေ့နေတာလား...ဘလို ဦးနှောက်မကောင်းတာမျိုးလဲ...ဝက်ရူးပြန်နေတဲ့ လူလိုပဲ သူ့မှတ်ဥာဏ်တေက ဟု စိတ်ပေါက်ပေါက်နှင့်တွေးလိုက်ပြီး "မရှိဘူးလေ...Aim က ဆရာဝန်ကို သတ်လိုက်ပြီလေ...ငါတို့ ယောက်ကျားလေး ကိုယ်ဝန်ကိစ္စမှာ ကျွမ်းကျင်တဲ့သူမျိုးကို စောင့်နေကြတာလေ"ဟု သူ့ကို သတိပေးသလိုမျိုးပြန်ပြောပြလိုက်ရသည်။
ထိုအခါမှ ဆရာဝန်သေ သွားသော အဖြစ်ကို သတိရသွားပြီး မလုံမလဲနှင့် "ဟုတ်သားပဲ...ဆရာဝန်သေတာမေ့သွားလို့" ဟု ပြန်ပြောလာတော့သည်။ထို့နောက် "ငါတို့ဘလိုဆက်လုပ်ကြမလဲ" ဟု kong က စိုးရိမ်တကြီးပြောလာသည်။
"သူတို့ကို ဘယ်အချိန်မွေးမလဲဆိုတာ သေချာသိမှရမယ်" ဟု ကျွန်တော် ပုခုံးတေကို တွန့်၍ပြောလိုက်သည်။
Kong-ဒါပေမဲ့....
"ဘာမှ...ဒါပေမမဲ့နဲ့...."ဟု ကျွန်တော် သူ့စကားကို ဖြတ်ပြောလိုက်သဖြင့် kong ရဲ့နှုတ်ခမ်းက အနဲငယ် စူသွားတော့သည်။ "ငါ...သန်မာပြီး ဆွဲဆောင်မှူရှိတဲ့ ကောင်လေးတယောက်ကို အပြင်မှာ သွားရှာပီိး မွေးဖို့ အကူအညီပေးခိုင်းလိုက်မယ်လေ" ဟု သူ့ကို စလိုက်တော့ သဝန်တိုလွန်းသော သူ့ရဲ့ အကျင့်အတိုင်း "ငါ့ရဲ့လူလေ" ဟု အော်ပြီး ကျွန်တော့ လည်ပင်း ပေါ်က သူပိုင်ဟု မှတ်ထားသော အမှတ်လေးကို သူ့ရဲ့လျှာနှင့် လျက်လာတော့သည်။ထို့ကြောင့် ကျွန်တော်လဲ "ငါက...မင်းပိုင်တာပါ...ငါအဲ့လို ဘယ်တော့မှမလုပ်ပါဘူး" ဟု သူ့ကို နှစ်သိမ့်လိုက်ရင်း သူရဲ့ လျှာ ကြောင့်လဲ ငြီးငြူနေမိသည်။
"မင်းရဲ့ကိုယ်နံ့လေးကတကယ်ကောင်းတယ်" ဟု သူပြောပြီး ကျွန်တော့်ရဲ့ လည်ပင်း နဲ့ညှပ်ရိုးတလျှောက်ကို တတိတိနှင့်ကိုက်ပြီး အရာလေးတေစပေးနေတော့သည်။ သူပေးလာတဲ့အရာလေးတေကို ကျွန်တော် ဘလိုသဘောကျမှန်းတောင်မသိတော့ပါဘူး...
"Hmm....hmm"ဟု...ကျွန်တော် ငြီးလိုက်ပြီး ခေါင်းကို အတတ်နိုင်ဆုံး မော့ထားမိသည်။ ကျွန်တော့်လည်ပင်းအသားလေးတေကို နှုန်ခမ်းနှင့်ရော သွားချွန်ချွန်တေနှင့်ပါရန်ရှာနေသော kong ကို ချစ်နေမိသည်။ ထိုရန်ရှာခံနေရသော ခံစားချက်ကိုလဲ သဘောကျမိသည်။ ထို့နောင် ကျွန်တော့်သူ့လညပင်းကို ဖက်ကာ သူ့အပေါ်ကို ထိုင်လိုက်ပြီး ကျွန်တော်တို့ရဲ့အချစ်တေကို ပြဖို့ စတင်လိုက်သည်။ဒီအချိန်မှာ တူတူနေလို့မရပေမဲ့...ကျွန်တော်တို့ရဲ့ ပြင်းပြနေတဲ့ စိတ်တေငြိမ်သွားဖို့ တခုခုတော့လုပ်ရမည်။ထိုအချိန်တွင် အိမ်ရှေ့မှ တံခါးခေါက်သံထွက်လာသဖြင့် "shit.." ဟု ကျွန်တော် ရေရွတ်လိုက်ရင်း kong ဆီမှ အဝေးကို ဖယ်လိုက်မိသည်။ သူလဲ စိတ်တိုသွားသည့်ပုံနှင့် လှေကားပေါ်ကခြေသံပြင်းပြင်းနှင့်ဆင်းသွားလေသည်။ ကျွန်တော်လဲ သူ့နောက်ကနေ ဖြေးဖြေးချင်းလိုက်သွားမိသည်။ ကျွန်တော်တို့ တံခါးရှေ့မှာ ရပ်လိုက်ပြီး kong က တံခါးကို ဆွဲဖွင့်လိုက်သည်။
တံခါးရှေ့တွင်တော့ kong နှင့်အနဲငယ်ဆင်သော လူကြီးတယောက်နှင့် မိန်းမကြိး တယောက်ကို တွေ့လိုက်ရသည်။
"ငါ့ကလေးလေး..." ဟု ထိုမိန်းမကြီးကkong ကို ကြည့်ကာပြောလိုက်ရင်း သူမရဲ့လက်တေက kong ကို သိုင်းဖက်လာလေသည်။
"မား...ပါး..." ဟု kong က တုန်ရီစွာ ခေါ်လိုက်ရင်း...ကျွန်တော့ဘက်ကို ကြည့်ကာ "ကျွန်တော် သေတော့မဲ့ အချိန်တုန်းက ကယ်ခဲ့တဲ့လူက သူလေ" ဟု ပြောလာသည်။ကျွန်တော်ကတော့ ကြာကြာမရပ်နိုင်သဖြင့် ဆိုဖာပေါ်တွင်သွားထ်ုင်နေလိုက်ရသည်။ ထ်ုအချိန်တွင် သူမထံမှ "အဲ့တော့...သားက...သားရဲ့ mate ကို ရှာတွေ့ပြီလား" ဟု ကိုယ်ဝန်ဆောင်ထားသော ကျွန်တော့်ကို မသိကျိုးကျွန်ပြုကာ မေးလာသည်။ "သေချာတပေါ့...သူတွေ့ပြီဆိုတာ...ဒီအိမ်ထဲမှာ ကလေးပစ္စည်းတေနဲ့ပြည့်နေတာ မတွေ့ဘူးလား" ဟု ရပ်နေသော လူကြီးက ပြုံးဖြဲဖြဲနှင့် ဝင့ပြောသည်။
ထိုအခါ kong က သူရဲ့နှုတ်ခမ်းကို ကိုက်ပြီး ကျွန်တော့်ကို ကြည့်ကာ " အင်း...ဟုတ်တယ်...ကျွန်တော့်ရဲ့ mateရပြီ...ဒါမဲ့ ဒီမှာ မဟုတ်ဘူး" ဟု ပြောကာ ကျွန်တော့်ဆီက သူ့ရဲ့မျက်လုံးတေကလဲ အဝေးသို့ရွှေ့သွားသည်ကို တွေ့လိုက်ရသည်။
ကြားလိုက်ရသည့်စကားကြောင့် ကျွန့်တော့်မျက်လုံးအစုံကျယ်သွားရပြီး စိတ်လဲ တိုသွားရသည်။ ကျွန်တော် ထိုင်နေသည်ကို သိသိနှင့် သူ့mateကဒီမှာ မဟုတ်ဘူးဟု ပြောခံရသည်မှာ ဘလို ငရဲမျိုးလဲ တွေးမရပါ။ သူရဲ့အမေလို့ ထင်ရတဲ့ မိန်းမကြီးက "မားတို့ အထဲဝင်လို့ရမလား" ဟု ချိုသာစွာ မေးလာသည်။
"ဟုတ်...သေချာတာပေါ့" ဟု kong က ယောင်ဝါးဝါးပြန်ဖြေတော့ သူရဲ့အဖေဆိုသူက "သား..." ဟု သတိပေးသလို ခေါ်လိုက်သည်။ ထိုအခါမှ kong က "ကျွန်တော်ပြောတာက ...ဝင်လို့ရပါတယ်လို့ပြောတာပါ" ဟု ပြန်ဖြေလ်ုက်ပြီး သူတို့ ၃ ယောက် အိမ်ထဲသို့ဝင်လာကြတော့သည်။ ထိုအခါမှ သူတို့ရဲ့အကြည့်တေက ဆိုဖာပေါ်တွင်ထိုင်နေသော ကျွန်တော့်ဆီသို့အကြည့်ရောက်လာတော့သည်။
"သူက ဘသူလဲ" ဟု ကျွန်တော့ဘက်သို့ သူမရဲ့ခေါင်းကို တိမ်းပြရင်း စူးစမ်းလိုစိတ်ပြင်းစွာ သူမမေးသည်။
"သူက....ကျွန်တော်ရဲ့ mateရဲ့အကို...Arthit...ပါ" ဟု kong က လွှတ်ခနဲပြောလိုက်သည်။
