27

800 73 6
                                    


Kong'pov

ကျွန်တော်တို့ pack House သို့ ရောက်တော့ တံခါးဘဲ တီးခြင်း တံခါးခေါက်ခြင်းတို့ မလုပ်တော့ဘဲ အထဲသို့ သာ တန်းဝင်လိုက်ကြသည်။ အထဲရောက်တော့ ရောက်နှင့်နေပြီးသော Arthit ၏ မိဘတွေကို တွေ့လိုက်ရသည်။

"H...Hi" ဟု Arthit ဆီက အသံဖျော့ဖျော့လေးက မရဲတရဲ နှင့် ထွက်လာလေသည်။ " အိမ်ကိုပြန်ဖို့ အချိန်ရောက်လာပြီ Arthit" ဟု MR. Rojnapet က ပြောလာလေသည်။ " မလိုက်ဘူး" ဟူသော Arthit ဆီမှ ပြန်ဖြေသံကြောင့် Mr.Rojnapet ဆီမှ "ဘာပြောလိုက်တာလဲ " ဟု ပြန်မေးလိုက်သံကို ကြားနေရသော ကျွန်တော်နှင့် Aim နှစ်ယောက်သား စိတ်ထဲမှ ဆက်သွယ်ကာ စကားပြောနေမိကြသည်။

"မင်းက သည်းခံတတ်သားပဲ" ဟု Aim ဆီမှ လှမ်းနောက်လိုက်သည်ကို ကြားလိုက်ရ၍ " ရင့်ကျက်လာပြီလေ" ဟု သူ့ကို ပြန်စလိုက်မိသည်။ ကျွန်တော်တို့ အချင်းချင်း စနေကြသော်လည်း မျက်လုံးတွေကတော့ သူတို့မိသားစု ဆီမှ မခွာမိကြပါ။

"ကျွန်တော် မပြန်ဘူး...ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဘဝလေးရှိနေပြီလေ" ဟု Arthit ကအော်ပြောလိုက်တော့ သူ့ရဲ့ အဖေက " ဘာလဲ ခွေးတွေနဲ့လား" ဟု မိုက်ရိုင်းစွာပြောလာ၍ ကျွန်တော်တို့ အကုန်လုံး အေးခဲသွားရသည်။ အဲ့လောက်ရိုင်းလိမ့်မည်ဟု မထင်ထားသောကြောင့်ပါ။

"ဘာပြောလိုက်တာ" ဟု Arthit ဆီမှလဲ သူ့အဖေနှင့် အသံတူစွာပင် ခပ်မာမာထွက်ပေါ်လာတော့သည်။ "ငါတို့.. အကုန်လုံး သိနေတာပဲလေ...မင်း ပြန်ပေးဆွဲခံရတဲ့အချိန် ထဲက သူတို့က ဘာတွေဆိုတာကို" ဟု ပြောနေသော အဖိုးကြီး၏ စကားမဆုံးသေးပဲ " မဟုတ်ဘူး" ဟု ထအော်လိုက်သော Arthit နှင့် Arthit ၏ အသံကိုပင် ဖုံးအောင် အဖိုးကြီး၏ " မုဒိန်းကျင့်ခံထားရတာကိုရောသိတယ်" ဆက်ပြောလိုက်သည်။

ကျွန်တော့် ရဲ့ အဆုတ်ထဲတွင် တခုခုဖြစ်သွားသလို ခံစားလိုက်ရပြီး အော်သံတခုကို ကြားလိုက်ရသည်။ သို့သော် လည်း ကျွန်တော့် ခြေထောက်တွေ ညွှတ်ကျသွားပြီးနောက် ဘာကိုမှ အာရုံ မစိုက်နိုင်တော့ပါ။

Arthit'pov

" မလုပ်နဲ့" ဟု အော်လိုက်မိသည်။ ကျွန်တော့ အဖေက kong ရဲ့ ကျောကို ဓားဖြင့် ထိုးချလိုက်သည်ကို တွေ့လိုက်ရသည်။ Kong ခမျာ ရုတ်တရက်ဖြစ်သွား၍ ခုခံနိုင်ခြင်းမရှိဖြစ်သာံးခြင်းဖြစ်မည်။ထို့နောက် အမေ့လက်ထဲတွင် သေနတ်ကိုင်ထားသည်ကို တွေ့လိုက်ရသဖြင့် ထို သေနတ်ကို ပြေးလုကာ အမေဆီက အသံ တခုခုထွက်မလာခင်မှာပင် ထိုသေနတ်ဖြင့် အဖေကို ပစိလိုက်ရာ လက်မောင်းရင်းသို့ ထိသွားသည်ကိုတွေ့လိုက်ရသည်။

Kong ဘေးနားတွင် လန့်ကာငိုနေသောသမီးငယ်ကို Aim ကချီလိုက်သည်ကို တွေ့လိုက်ရသည်။ ကျွန်တော်လဲ လက်ထဲက သားကို Aim ဆီသို့ ပို့ကာ kong ကို ဆွဲပွေ့လိုက်ရသည်။ "အဆင်ပြေရဲ့လား " ဟု မေးတော့ သူ့ပါးစပ်မှ သွေးတချို့အန်ထွက်လာခဲ့ပြီး " သူတို့ကို ပြောပေးပါ.. ကိုယ်က ချစ်တဲ့ အကြောင်ေးတွကို " ဟု ပြောပြီး သလိလစ်သွားသဖြင့် " ဆရာဝန်က ဘယ်ရောက်နေတာလဲ" ဟု အော်လိုက်မိသည်။ အခန်းထဲသို့ ဆရာဝန်နှင့် အတူ လူ ၃ယောက်ဝင်လာပြီး konG ကို သယ်ကာ ဆေးခန်းဟု ထင်ရသော အခန်းထဲသို့ သယ်သွားကြလေတော့သည်။ ကျွန်တော်လဲ သူတို့ နောက်သို့ ပြေးလိုက်ရာ အခန်းဝတွင် တခုခုက ဆောင့်တွန်းလိုက်သလို ခံစားလိုက်ရပြီး နောက်သို့ ပြန်လန်ကျသွားရသည်။ ကျွန်တော်လဲ ကျသွား၇ာနေရာတွင်ပင် ဒူးထောက်ချလိုက်မိရင်း ဆုတောင်းလိုက်မိသည်။

"ကျေးဇူးပြဲပြီး သူ့ကို မသေခိုင်းကြပါနဲ့... " ဟူ၍။

ကောင်​​လေးရဲ့ wolfWhere stories live. Discover now