မောင့်တစ်ပွင့်ပန်း

953 92 10
                                    

~~အပိုင်း-16~~

အချိန်အတော်ကြာ တပ်ထားသည့် powerမျက်မှန်ကြောင့် မျက်ရိုးတွေ ညောင်းကိုက်နေပြီမို့ မျက်မှန်အားချွတ်ကာ Sofaပေါ်တွင် ခေတ္တမှေးနေစဉ်...။

နားထဲတိုးဝင်လာတဲ့ ညီးညူ သံသဲ့သဲ့ကြောင့် မျက်လုံးတို့ဖွင့်ကြည့်မိတော့ ကုတင်ထက်မှာ လူးလွန့်နေတဲ့Yixing!

Xing:; မောင်

တိုးလျလျခေါ်သံက တိတ်ဆိတ်တဲ့ညအတွက်တော့ ပီပီသသ။

fileတွဲတွေကြား ခေါင်းနစ်နေတဲ့ ကျွန်တော်။

သူမခေါ်သံကြောင့် ချက်ချင်းဆိုသလို ကုတင်ရှိရာသို့ လှမ်းခဲ့သည်။

ကုတင်စွန်းတစ်ဖက်၌ တစောင်းဝင်ကာ ထိုင်လိုက်ပြီး။

K:;xingဘာလဲ?

Xing:;မောင်!

ကျွန်တော်ထင်သလို သူမအသိရှိစွာ ကျွန်တော့်ကိုခေါ်နေတာမဟုတ်။

အိပ်လျက်ပင် ယောင်ယမ်းပြီး တမ်းတနေခြင်းသာ။

အရက်ရဲ့အပူရှိန်ကြောင့် လူးလွန့်နေတဲ့ သူမကိုယ်လေးကို ကြည့်ခြင်းဖြင့် သူမအတော်လေး ခံစားနေရမှန်း သိသာသည်။

ဒါပေါ့လေ ကျွန်တော်တို့ယောက်ျားလေးတွေတောင် တစ်ခါတစ်လေ အရက်ရဲ့ဒဏ်ကို သေမတတ်ခံစားရသေးတာပဲ။

သူကမိန်းကလေးဆိုတော့ ပိုဆိုးမှာပေါ့။

သူမဘေးကျွန်တော်ဝင်ထိုင်လိုက်ပြီး...။

kris:;Xing!

xing::မောင် မောင် Xingရင်တွေတအားပူတယ်မောင်ရယ်

kris:;ရင်တွေပူတယ်

xing:;ရေ ရေပေးပါမောင် Xingကိုရေပေးပါ

kris:;ommခဏလေးစောင့်နော်

သူမအားကုတင်တိုင်တွင်မှီစေကာ ရေသွားယူရန် ပြင်လိုက်သော်ငြား လက်ဖျံအားဆုတ်ကိုင်လိုက်တဲ့ လက်တွေကြောင့် ခြေလှမ်းတို့ရပ်တန့်ရပြန်ပြီ။

xing:;မောင်

ခေါ်သံကတိုးလျသော်ငြား မျက်လုံးတို့ကတော့ ပွင့်မနေ။

ကျွန်တော်တို့ယောက်ျားလေးတွေတောင် အသောက်များရင် အနေအထားမမှန်ချင်တာ သူမဆိုဘယ်လောက်တောင် နေရခက်လိုက်မလဲ?

မောင့်တစ်ပွင့်ပန်းWhere stories live. Discover now