မောင့်တစ်ပွင့်ပန်း

853 107 16
                                    

                     *အပိုင်း-၂၅*

ဆန္ဒတွေကို မြိုသိပ်ကာ အတ္တတွေနဲ့ ကျွန်မတို့ရှေ့ဆက်ခဲ့ကြတယ်မောင်.

မာနဆိုတာကို ခေါင်းပေါ်တင်ပြီး ဆုံလမ်းမရှိတဲ့ လမ်းတစ်ခုဆီကို ရွေးချယ်လျှောက်ခဲ့ပြီးမှ နောင်တတော့မရကြေးလေနော်.

စိမ်ခေါ်ပြီးရင် ဘွာမခတ်ကြေးမို့ မောင့်ဆီကို ကျွန်မဘယ်တော့မှပြန်လှည့်မှာမဟုတ်ဘူး.

ထက်မြတ်မှုတွေ ကိုယ်စီနဲ့ ကျွန်မတို့အိမ်ထောင်ရေးက လာခြင်းမှ မကောင်းခဲ့ပဲ…

                                      Zhang Yi Xing

မင်းသဘောနဲ့ ကျောခိုင်းပြီးရင် မောင့်ဆီက ပြန်ချော့ခြင်းတော့ မမျှော်လင့်နဲ့Xing!

ထွက်သွားပါလို့ မောင်နှင်ခဲ့တာမဟုတ်လို့ ပြန်လာပါလို့ မောင်ခေါ်မှာမဟုတ်ဘူး

                                            Kris Wu

* F_X *

hun;; Noona ခဏလေး

နောက်ကနေ ပြေးလိုက်ကာ လက်ကိုလှမ်းဆွဲလိုက်သည့် Sehun.

hun;; Noona Gwinchana??

xing;; ငါအဆင်ပြေတယ်မို့လို့ သွားတော့Sehun.

Sehunလက်အားရုန်းကန်ကာ သူမပြောသော်ငြား ခေါင်းမာလွန်းတဲ့ Sehunလက်တွေ ပြေလျော့မသွား.

hun;; ကျနော်တို့ စကားခဏပြောရအောင်

xing;; နင့်ဆရာအကြောင်းဆိုရင် ငါ့ကိုလာမပြောနဲ့Sehun

ပြတ်သားလွန်းတဲ့ သူမ၏တုံ့ပြန်ချက်ကြောင့် Sehunသက်ပြင်းသာ အခါခါချ၍နေသည်.

hun;; ဘာတွေဖြစ်ခဲ့လဲ ကျနော်မသိပေမဲ့ Hyungအစား ကျနော်တောင်းပန်ပါတယ်.

Hyungအစားတောင်းပန်ပါတယ် ဟုတ်လားSehun.

ပြောချင်ရာပြောပြီး အစားထိုးတောင်းပန်လို့ရကြေးဆိုရင် တို့လည်းအဲ့လိုတောင်းပန်ချင်မိသား.

မောင့်တစ်ပွင့်ပန်းOnde histórias criam vida. Descubra agora