မောင့်တစ်ပွင့်ပန်း

942 87 7
                                    

//Ep-8//

အဆင်ပြေစွာ ပြီးမြောက်သွားသည့် မင်္ဂလာပွဲကြား သူမအနည်းငယ်တော့ အလိုမကျမိ။

သူမနဲ့Wedding ပွဲ ကျင်းပခဲ့တာ Kris Artherမဟုတ်ပဲ Wu Yifanဆိုတာ သိရဲ့သားနဲ့ ဝန်ထမ်းတွေ တစ်ခွန်းတစ်ပါဒမှ မဝေဖန်ခဲ့တာ သူမရဲ့အရှိန်အဝါကြောင့်များလား?

ဘိုးဘိုးကရော ဘာလို့သံသယမရှိခဲ့တာလဲ သူမစဉ်းစားလို့မရ…။

အထူးဆန်းဆုံးက Wedding ပွဲပြီးသည်နှင့် ဘိုးဘိုးကWuyifanအား နှစ်ယောက်တည်း သီးသန့်ခေါ်တွေ့နေခြင်းပင်။

နှစ်ယောက်အိပ် ကုတင်ကြီးထက် ငုတ်တုတ်ထိုင်ကာ သူမစဉ်းစားခန်းဖွင့်လို့မပြီးသေး။

အဝတ်အစားလဲ ရေချို.းဖို့ကိုလည်း သတိမရ။

သူမသိချင်နေတာက ဘိုးဘိုးWu Yifanကို ဘာတွေခေါ်ပြောနေသလဲဆိုတာ!

*******

အစီအရီထပ်စီထားသည့် စာအုပ်များစွာ ပြည့်နှက်နေသည့် အခန်းအတွင်း၌…။

chen//အခုမှပဲ အေးဆေးနှုတ်ဆက်ရတော့မယ် Kris!

ဘိုးဘိုးစကားကြောင့် သူပြုံးမိပါသည်။

ဒါပထမဆုံးအကြိမ်တွေ့ဖူးတာမှမဟုတ်တာပဲ!

yifan//မမြင်ဖူးတဲ့သူတွေဆိုတော့လေ !

chen//No No! ဘိုးဘိုးရဲ့ဆိုလိုရင်းက အဲ့ဒါမဟုတ်ဘူး!

yifan//အဟက် ဘိုးဘိုးကိုတော့ ကျွန်တော်လိုက်မမှီတော့ဘူးထင်တယ်!

chen//ဟားဟား အဲ့လိုတေပြောနေတာ Kris Artherမှဟုတ်ရဲ့လား? ကိုယ့်ကိုကိုထက်ပိုပြီး သူတစ်ပါးကိုအထင်မကြီးတတ်တာ Kris styleမဟုတ်ဘူးလား?

yifan//ဘိုးဘိုးကိုတော့ ကျွန်တော်လေးစားပါတယ်!

chen//ထားပါလေ!စောစောကစကားလေး ဆက်ကြတာပေါ့! ဘိုးဘိုးပြောချင်တာက အခုနှုတ်ဆက်တာ အရင်ကလုပ်ငန်းပါတနာ တစ်ယောက်အနေနဲ့ မဟုတ်ပဲ မြေးသားမက်တစ်ယောက် အနေနဲ့ နှုတါဆက်တာ ! ဒါပေမဲ့ ဘိုးဘိုး တွေးမရတာ တစ်ခုတော့ရှိတယ်

yifan//ဘာများလဲ?

chen//yixing ကို ဘာလို့မသိစေချင်ရတာလဲ?
ပြောချင်တာကကွာ! မင်းမှာဘာအစီအစဉ်များ ရှိနေတာလဲဆိုတာ ဘိုးဘိုးသိခွင့်ရှိမလား?

မောင့်တစ်ပွင့်ပန်းحيث تعيش القصص. اكتشف الآن