မောင့်တစ်ပွင့်ပန်း

784 100 6
                                    

                    🌹အပိုင်း - ၃၄🌹

ရင်ထဲမှာပြည့်နှက်နေတဲ့ အချစ်တွေက ယုတ်လျော့မသွားဘူးဆိုပေမဲ့  Xingစိတ်တော့နာတယ် မောင် ။

နှလုံးသားရဲ့အသံကို နားယောင်လိုက်ရင် မောင့်စကားတိုင်းကို Xingခေါင်းညိတ်မိလိမ့်မယ်။

အဲ့လိုဖြစ်ခွင့် Xingမပေးအပ်နိုင်ဘူး မောင် ။

မောင့်ရှေ့မှာ အကြိမ်ကြိမ်အခါခါ ဒူးထောက်ခဲ့ရတဲ့ Xingရဲ့မာနတရားတွေ တစ်ကြိမ်တစ်ခါသာ ခေါင်းထောင်ခွင့်ရှိမယ်ဆိုရင် မောင့်နှလုံးသားကို စေ့စေ့ကြည့်ပြီး Xingမေးပစ်လိုက်ချင်တယ် ။

' မောင် Xingကို တကယ်ချစ်ခဲ့ရဲ့လား ' လို့လေ ။

အပေါ်ယံမေတ္တာတရားနဲ့ ထိတွေ့သာယာမှုတွေကြား အလူးအလိမ့် ရှူံးနိမ့်ခဲ့တဲ့ Xingအချစ်စိတ်တွေက ထူးဆန်းစွာပင် အခုထက်ထိ မောင့်ရှေ့ ဦးညွှတ်လျက်ရှိနေကြတုန်းပါ မောင် ။

မောင့်နှုတ်ဖျားက ထွက်ကျခဲ့တဲ့ ' အသစ်ကပြန်စရအောင် ' ဆိုတဲ့ စကားအဆုံး Xingနှလုံးသားလေး အသက်ပြန်ရှင်သွားတာ မောင်သိမှာမဟုတ်ဘူး ။

သိခွင့်လည်းမရှိဘူးမောင် ။

Zhang Yi Xingဆိုတဲ့ လူတစ်ယောက်က နှလုံးသားထက် မာနတရားကို ရှေ့တန်းထားတဲ့ လူစား ။

ရွှေဘုံစံတဲ့ ရွှေမင်းသမီးမဟုတ်တော့လို့ ခပ်လွယ်လွယ်အတွေးနဲ့ မောင်အထင်သေးရက်တာလား ။

မောင့်ပလိုင်းထဲကဖား ဘယ်ချိန်ထုတ်ရိုက်ရိုက်ဆိုတဲ့ အတွေးရိုင်းနဲ့ တစ်ကပြန်စဖို့ မောင်ပြောထွက်ခဲ့တာလား ။

တန်ဖိုးမဲ့စွာ စွန့်ပစ်ခဲ့တဲ့ မောင့်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြန်လက်ခံရအောင် Xingမရူးမိုက်သေးဘူး မောင် ။

အတ္တတွေနဲ့လွှမ်းခြုံထားတဲ့ မောင့်နှလုံးသားက အရှိန်အဝါကြီးမားပါတယ်ဆိုရင် မာနတွေနဲ့ ကွယ်ဖုံးထားတဲ့ Xingရဲ့မေတ္တာတရားကလည်း မိုးထက်ထိတော့ မြင့်ပါသေးတယ် မောင်ရယ် ။

သမီးဆိုတဲ့အကြောင်းပြချက်နဲ့တော့ Xingကိုမချည်နှောင်လိုက်ပါနဲ့ ။

han - မအိပ်သေးဘူးလား Yixing ။

Xiao Luရဲ့အသံကြောင့် ပါးပြင်ပေါ်ကျဆင်းနေသည့် သူမမသုတ်ခဲ့ပါသော မျက်ရည်ကြည်တွေအား လက်ဖဝါးဖြင့် ပွတ်ထုတ်ရှင်းလင်းလိုက်သည် ။

မောင့်တစ်ပွင့်ပန်းWo Geschichten leben. Entdecke jetzt