🌹အပိုင်း-၃၂🌹
တဟူးဟူးတိုက်နေတဲ့ လေအရှိန်အား မျက်နှာမူရင်း ချစ်သူအလာကို မျှော်ကာငေးနေတဲ့ Renjun။
ညနေစောင်းအချိန်အခါမို့ အတွဲလေးတွေသာမက မိသားစု ကလေးတွေပါမကျန် ကြည်နူးစွာ လျှောက်လှမ်းနေတဲ့ ပန်းခြံလေးက သာယာမှုအတိ။
အတွေးလေးနဲ့အတူ ပြုံးနေရင်း ရုတ်တရက်ခေါင်းကိုလာမှန်တဲ့ Basketballဘောလုံးလေးတစ်လုံးကြောင့် နောက်ကျိသွားတဲ့ ခေါင်းအားထိန်းကိုင်ကာ တရားခံလိုက်ရှာစဉ် အနားသို့ အပြေးအလွှားရောက်လာသည့် ကောင်လေးတစ်ယောက်။
jae - ဘယ်နားထိသွားသေးလဲခင်ဗျ။
jun - ဘယ်နားထိရမှာလဲ။ ခေါင်းကိုထိသွားတာပေါ့ နင်မမြင်ဘူးလား။
jae - sorryပါဗျာ။
jun - လုပ်တဲ့သူကတော့ လွယ်လွယ်လေး sorryပြောထွက်တာပေါ့။ ခံရတဲ့လူကတော့ ခေါင်းကိုမူးနောက်သွားတာပဲ။
jae - ကျနော်လွယ်လွယ်လေး sorryလို့ပြောတာမဟုတ်ပါဘူးခင်ဗျ။ မင်းကျေနပ်အောင်လည်း ကျနော်တောင်းပန်မှာပါ။
jeno - ဘာဖြစ်နေတာလဲJun။
jun - အော် ကို။ ဘာမှမဖြစ်ပါဘူး။
jeno - သူကဘယ်သူလဲ။
jae - ကျနော် Na Jaeminပါခင်ဗျ။
jeno - ကျနော်က Wu Jenoပါ။
jun - ဘာလို့မိတ်ဆက်နေတာလဲ။ လာ သွားမယ်။
ကို့လက်အား အတင်းဆွဲကာ ထိုလူနဲ့ဝေးရာအရပ်သို့ ခေါ်လာခဲ့လိုက်သည်။
jeno - ဘယ်လိုဖြစ်ရတာလဲJunရာ။ အတင်းပဲ။
jun - ကိုက မသိပဲနဲ့ ဖောရှောတွေလုပ်နေတာကို။
jeno - အဲ့ဒါJunသူုငယ်ချင်း မဟုတ်ဘူးလား။
jun - ဘယ်ကသာ အခုမှ Junသူ့ကိုသိတာ။
jeno - ဟာကွာ Jenoရာ သေလိုက်ပါတော့။ ကိုယ့်ချစ်ချစ်ကို လာကြောင်တဲ့ကောင်ကိုများ တခုတယ မိတ်ပြန်ဆက်နေရတယ်လို့။ ငါနော် သွားပြန်ထိုးလိုက်ရ။
သူခိုးပြေးမှ ထိုးကွင်းထနေတဲ့ ကို့အားကြည့်ကာ မျက်စောင်းလှလှ ထိုးလိုက်ပြီး။