မောင့်တစ်ပွင့်ပန်း

1K 97 9
                                    

          ~အပိုင်း-19~

ညဝတ်ဂါဝန်ပါးလေးအား လဲကာ ကုတင်ပေါ်ထိုင် ခေါင်းအုံးကိုပေါင်ပေါ်တင် Laptopတစ်လုံးနဲ့ စာရင်းတွေလုပ်နေတုန်း ရုတ်တရက်ပွင့်လာတဲ့ အညိုရောင်ကျွန်းတံခါးကြောင့် ကျွန်မမျက်လုံးပင့်ကာ ကြည့်လိုက်တော့…

Coffeeတစ်ခွက်အား ကိုင်ကာ အခန်းထဲဝင်လာတဲ့သူ!

ဟွန်း Coffeeလာတိုက်ပြီး ချော့မလို မသိတာမှတ်လို့.

တင်းထားစမ်း Zhang Yi Xing!

အဆုံးစွန်အထိ တင်းထားစမ်း!

"xing~ရှင်ဘာလာလုပ်တာလဲ?"

"kris~ငါ့အခန်းထဲ ငါဝင်တာ မင်းကိုပါမစ်တင်ရအုန်းမှာလား"

တကယ်တော့ ကျွန်မရဲ့အထင်နဲ့အမြင်ဟာ တက်တက်စင်အောင် လွဲနေမှန်း Coffeeအားသောက်ရင်း စာဖတ်နေတဲ့သူ့ကိုမြင်လိုက်ချိန်မှာ သိလိုက်ပြီ.

အေးလေ Wuyifan တစ်ဖြစ်လဲ Kris Artherကြီးက ဘယ်ချော့တတ်ပါ့မလဲ မီဝေါ့ ဟွန်း.

အမြင်ကတ်ကတ်နဲ့ လုပ်လက်စ အလုပ်တွေအား ရပ်တန့်ကာ သီချင်းကိုဂိတ်ဆုံးဖွင့်ပြီး မုန့်စားရင်းနားထောင်နေလိုက်သည်.

မှတ်ပလား.

"kris~ဒီမှာZhang Yi Xing! မင်းနားဆေးခန်းသွားမလား"

"xing~မလိုဘူး"

"kris~မလိုဘူးဆိုလည်း မင်းအသံလေးဘာလေးလျှော့ပေါ့ကွ! ဒီမှာစာဖတ်နေတာ မင်းTVသံက ဆူညံနေတာပဲ"

"xing~အို မနေနိုင်ရင်ထွက်သွား ကျွန်မကတော့ တစ်ပြားသားမှ မလျှော့နိုင်ဘူး"

"kris~ကျစ် မင်းဒါတမင်သက်သက်ယုတ်မာတာ"

"xing~ရှင်ကြိုက်သလိုထင်နိုင်တယ်"

"kris~Zhang Yi Xingမင်း"

"xing~ဘာလဲ ဘာဖြစ်ချင်လို့လဲ"

မေးငေါ့ကာရန်တွေ့နေတဲ့ သူမအားတုပြိုင်ကာ ရန်မဖြစ်ချင်တော့တာမို့ ဖတ်လက်စ စာအုပ်အားပိတ်ပြီးသာ ကုတင်ပေါ်တက်ပြီး အိပ်ရန်ပြင်လိုက်ပေမဲ့ ခေါင်းအုံးအား ဇက်ကနဲလှမ်းဆွဲလိုက်တာမို့ ခေါင်းနဲ့မွေ့ယာ မိတ်ဆက်ပြီးသား.

"kris~မင်းဘာလုပ်တာလဲ"

"xing~မျက်လုံးပါတယ်လေ ရှင်မမြင်ဘူးလား"

မောင့်တစ်ပွင့်ပန်းHikayelerin yaşadığı yer. Şimdi keşfedin