မောင့်တစ်ပွင့်ပန်း

758 98 7
                                    

                  🌹အပိုင်း - ၃၃🌹

အဆက်မပြတ်မြည်နေတဲ့ လူခေါ်ဘဲလ်ကြောင့် မခြောက်သေးတဲ့ခေါင်းက ဆံပင်တွေကို သုတ်ရင်းပြေးထွက်လာတဲ့ Renjun ။

တံခါးအားဆွဲကာဖွင့်လိုက်တော့ Hoodieအပြာလေးနဲ့ ရပ်နေတဲ့သူ ။

သူ သူ ။ ဟိုနေ့က တွေ့ခဲ့တဲ့တစ်ယောက် ။

jun - နင် ။

jae - မင်း ။

တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးကာ အော်ဟစ်နေရင်း ရင်ဖုံးယုံသာပတ်ထားသည့် တပတ်ပိုင်းလေးရဲ့ မလုံခြုံမှုကို သတိရသွားတာမို့ လက်ဖြင့်ကာ၍ တံခါးနောက် ပုန်းလျှိုးကာ ရပ်တန့်လိုက်သည်အား သူလည်းသဘောပေါက်တယ် ထင်သည် ။

မျက်နှာလွှဲကာ ကျောခိုင်းရပ်၍နေလေသည် ။

xing - သား Jaemin ဝင်လေ ။

jae - ဟုတ်ကဲ့ အန်တီ ။ ဟို ဟို ။

jun - မာမား ။

တံခါးနောက် ခေါင်းလေးပြူကာ ခေါ်သံကြောင့် မာမားလှည့်ကြည့်ပြီး ။

xing - တံခါးနောက်မှာဘာလုပ်နေတာလဲJun ။

jun - မား Jun ဟို ရင်လျားကြီးနဲ့မို့လို့ အဲ့ဒါ ။

xing - အော် အဲ့ဒါကြောင့် သားကမဝင်တာကို ။ သွား Jun ။ အပေါ်တက်တော့ ။

jun - ဟုတ် ။

ခေါင်းလေးညိတ်ပြကာ အပေါ်တက်သို့ ပြေးတတ်လာခဲ့လိုက်သည် ။

ဗီရိုထဲမှ ရှပ်အပွနှင့်ဘောင်းဘီတိုအားထုတ်ကာ ကပြာကယာဝတ်ဆင်လိုက်ပြီး မျက်နှာနုနုထက် နို့ရည်အနည်းငယ်သုတ်လိမ်းလိုက်သည် ။

ကြေးမုံပြင်၌ ထင်ဟပ်နေသည့် ပုံရိပ်အား ကျေနပ်စွာ ကြည့်ရှုရင်း ။

Ring~Ring!

မှန်တင်ခုံထက်ရှိ ဖုန်းလေးအား ယူကာကိုင်လိုက်တော့ ကို ။

jun - ဟယ်လို ကို ။

jeno - Junဘာလုပ်နေလဲ ။

jun - ဟင့်အင်း ။ ဘာလို့လဲ ကို ။

jeno - လွမ်းလို့ ။

jun - အပိုတွေက ။

jeno - အတည် ။

မောင့်တစ်ပွင့်ပန်းOù les histoires vivent. Découvrez maintenant