မောင့်တစ်ပွင့်ပန်း

1K 93 5
                                    

                *Ep-10*

တရွေ့ရွေ့ခုတ်မောင်းနေတဲ့…အနမ်းရထား။

ဘယ်နေရာ…ဘယ်ဘူတာမှာ ဆိုက်ကပ်ရပ်နားမယ် မသိသော်ငြား။

ဘဟ်အချိန်…ဘယ်နှစ်နာရီ ရပ်တန့်မည်မသိသော်ငြား။

တစိုးတစိမှ သူမတွန်းဖယ် ရုန်းကန်ခြင်းမရှိ။

ထပ်တူညီတဲ့အနမ်းတွေ ဖလှယ်ရင်း သည်အခိုက်အတန့်ကို သူမကြည်နူးနေမိတယ်ဆိုရင်…။

အဲ့ဒီ့ကြည်နူးခြင်းရဲ့နောက်ဖျား ချစ်ခြင်းသာကပ်ပါခဲ့မည်ဆိုလျှင်တောင်မှ သည်အခိုက်အတန့်လေးကို သူမငြင်းဆန်မိမယ်မထင်။

သူမတွေးတောခဲ့ဖူးတဲ့ "အချစ်"ဆိုတာ သုံးစားမရတဲ့ အပေါ်ယံအလုပ်တွေလို့သာ ဖြစ်သည်။

တကယ်လို့သာ အချစ်ဟာချို.မြိန်မှန်း သူမစောစောစီးစီးသိခဲ့မိရင် အဲ့ဒီ့အချိန်မှာ သူမအချစ်ကို အပြစ်တင်ရှုံ့ချခဲ့ဖူးမည်မဟုတ်ချေ။

ရုတ်တရက်ပြတ်တောက်သွားသည့် အနမ်းတွေကြောင့် မျက်လုံးလေးအသာဖွင့်ကာ ကြည့်မိလေတော့ စူးရှတဲ့သူ့အကြည့်တွေနဲ့ စီးချင်းထိုးမိပြန်သည်။

"kris:;Miyanae! "

'Miyanae!' ဘာအတွက်လဲ?

"kris:;ခင်ဗျားက ကျွန်တော့်အလုပ်ရှင်ပဲ အဲ့ဒါကိုကျွန်တော်ခဏမေ့သွားတယ်။
စောစောက ဖြစ်ပျက်သမျှကို ခင်ဗျားမကျေနပ်ဘူး ဆိုလည်း ကျွန်တော့်ကိုအပြစ်ပေးနိုင်တယ်။ တကယ်လို့ ခင်ဗျားစိတ်မဆိုးဘူးဆိုရင်တော့ အရာအားလုံးကို ခင်ဗျားခေါင်းထဲကနေ deleteလုပ်လိုက်ပါ!"

Deleteလုပ်လိုက်ပါ!
အပြောလွယ်သလောက် လက်တွေ့ကခက်နေတယ်…Wuyifan!

မိန်းမသားတစ်ယောက်ရဲ့ first kissကို ခွင့်မတောင်းပဲ ခြွေယူပြီးမှ Deleteပေးပါဆိုတာ ကတော့ ရှင်လွန်တယ်မထင်ဘူးလား?

Zhang Yi Xingဆိုတဲ့ ကျွန်မကလည်း မာနကိုခဝါချပြီး နှလုံးသားကို ရှင့်ခြေရင်းမှာ မြေခစေမယ့် မိန်းမစားမဟုတ်လေတော့…။

ဘယ်လိုပင် ရှင့်ကိုချစ်မိပါစေအုန်းတော့ ရင်ခုန်သံကိုစက်သတ် နှလုံးသားကိုတံခါးပိတ်ပြီး ချစ်ခြင်းတရားကို သော့ခတ်သိမ်းထားလိုက်မယ် Yifan!

မောင့်တစ်ပွင့်ပန်းDonde viven las historias. Descúbrelo ahora