မောင့်တစ်ပွင့်ပန်း

1.2K 111 14
                                    

                  K~အပိုင်း-23~L

ပုံမှန်နိုးထနေကျမနက်ခင်းတွေနဲ့ ခြားနားစွာ မွေ့ယာထက်မှာ ပေတေပြီးအိပ်နေတဲ့ ကျွန်မ.

မောင့်ကိုဆန္ဒပြတာလားဆိုတော့ အဲ့လိုတော့လည်း မဟုတ်ပါ.

ဘာအလုပ်မှလုပ်စရာမလိုတော့လောက်အောင် ကြီးကျယ်မြင့်မြတ်လှတဲ့ယောက်ျားကို ရထားတဲ့သူဆိုတော့ ကျွန်မဇိမ်နဲ့နှက်နေတာ အဆန်းတော့မဟုတ်ဘူးလေ ဟုတ်တယ်မဟုတ်လား?

ကျွန်မယောက်ျားက လူတကာအားကျလောက်စရာ အရည်အချင်းတွေ ဘွဲ့ထူးဂုဏ်ထူးတွေ တသီတတန်းနဲ့ ရွှေလင်ဗန်းနဲ့အချင်းဆေး မင်းမွေးတဲ့သားဆိုတော့ ဘဝင်ကလည်း အခိုက်သားလား.

ဒါဆို ကျွန်မကရော သာမန်အညတရတစ်ယောက်မို့လို့လားလို့ မေးစရာရှိလာမယ်.

ကျွန်မကလည်း ဆင်းရဲခြင်းဆိုတာ ဘာလဲလို့မေးယူရတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့သူတစ်ယောက်မို့ တော်ဝင်ပန်းမကိုဏ် နန်းထိုက်တော့တင့်ပါတယ်.

ခြင်္သေ့ဆီဆိုတာ သိင်္ဂီရွှေခွက်နဲ့မှ တင့်တယ်သလို တော်ဝင်သဇင်ဆိုတာလည်း တော်ဝင်မျို.းတွေနဲ့မှ လိုက်ဖက်တယ်လို့ ဘိုးဘိုးအမြဲပြောခဲ့ဘူးတယ်.

လူတွေကတော့ ထင်ကြမှာပေါ့ မောင်ကသမီးရှင်တိုင်း သားမက်တော်ချင်လောက်တဲ့ တော်ဝင်မျို.းဆိုတော့ နန်းထိုက်တဲ့ သဇင်ပန်းလို့ ကျွန်မက မောင်နဲ့နေနဲ့လ ရွှေနဲ့မြပဲတဲ့!

ဒါဟာ အပေါ်ယံအမြင်တွေနဲ့ လူတွေချီးမွမ်းတဲ့စကား..

တကယ်တမ်း Zhang Yi Xingဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝကို သိကြသလား?

ရောင်ခြည်လင်းတဲ့ မနက်ခင်းမှာ အလှဆင်စရာ ကျွန်မရဲ့ဘေးမှာ ကျွန်မချစ်ခင်ပွန်း ဘယ်တော့မှရှိမနေခဲ့ဘူး.

အများသူငှာလင်မယားတွေလို Breakfast အတူစား စကားတွေဖောင်ဖွဲ့ပြောရအောင်လည်း ကျွန်မရဲ့မောင်က အချိန်တွေပိုမနေပြန်ဘူးလေ.

မောင့်တစ်ပွင့်ပန်းHikayelerin yaşadığı yer. Şimdi keşfedin