~အပိုင်း-20~
ချစ်ရသူရင်ခွင်ကိုမှီပြီး အစပြုတဲ့မနက်ခင်းတွေက လှပနေတာတော့ အမှန်။
နိုးနေပေမဲ့ တမင်တကာမျက်လုံးတို့ စုံမှိတ်ရင်း မောင့်လည်တိုင်ကို ဖက်တွယ်ကာ အိပ်ချင်ယောင်ဆောင်နေဖြစ်သည်။
ကျွန်မအိပ်ယာက မထချင်သေးဘူးလေ.
ကျွန်မသိပ်မြတ်နိုးတဲ့ မောင့်ရဲ့ကိုယ်သင်းနံ့တို့ကို ရှူ.ရှိုက်ရင်း မွေးရာပါ ပါးချို.င့်ခွက်လေးတွေ ထင်ထင်ရှားရှားပေါ်လာတဲ့အထိ ကျွန်မပြုံးမိတယ်!
ဒီနေ့ မနက်ခင်းလေးက ကြည်နူးစရာအတိ!
"Kris~ရစ်စိန်! နိုးနေရင်လည်း ထတော့ကွာ"
လက်မောင်းအားဆုတ်ကိုင်ကာ နိုးနေတဲ့မောင့်အသံအား မသိကျေးကျွံပြုကာ ကျွန်မမျက်လုံးတွေ မဖွင့်ကြည့်ဖြစ်။
စိတ်ကြိုက်နှိုးပါစေ~ မထဘူးသွား~
"Kris~အိပ်နေတာ မဟုတ်မှန်း မောင်သိတယ်နော်"
သိတော့ဘာလုပ်ရမှာလဲ?
စိတ်ထဲကနေ မောင့်ကိုဂျစ်တိုက်နေတုန်း…
~You are so bad girl~~
နားထဲဝင်လာတာ မောင့်Phသံ!
ကျွန်မလက်ကိုဆွဲခွာကာ Phကိုင်ဖို့ပြင်နေတဲ့ မောင့်ကိုအမြင်ကတ်ကတ်နဲ့ နှစ်ဆတိုးဖက်ပစ်လိုက်သည်။
စိတ်ရှုပ်ရှုပ်နဲ့ မောင်ခေါင်းတွေတဗျင်းဗျင်းကုတ်နေသည်လေ။
"Kris~ညစ်တယ်ဟေ့! ညစ်တယ်ဟ! ဒီနေ့မှ ဘယ်ကဖားလတက်က အတင်းတွယ်ကပ်နေတာတုန်း! ဖားလတက်က မိုးခြိန်းမှကွာမယ်ထင်တယ်"
ဒီဖားလေးက မိုးခြိန်းတောင် မကွာဘူး!
အတွေးလေးနဲ့ ကြိတ်ပြုံးနေတုန်း နှုတ်ခမ်းပါးပေါ် ရောက်လာတဲ့အနမ်းနုနုကြောင့် အပြုံးတို့တစ်ဝက်တစ်ပျက် ရပ်တန့်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမဟုတ်တဲ့ မျက်နှာပေးနဲ့ ပြန်အိပ်နေတဲ့မောင်!
"Xing~မောင် အကျင့်ပုတ်"
ခပ်တိုးတိုးရေရွတ်ကာ ပြောလိုက်ပေမဲ့ မောင်ကမျက်လုံးမပွင့်!