~အပိုင်း-22~သနားသလိုကြည့်နေတဲ့ မျက်ဝန်းတွေ~
CEO ကတော်မို့ ပေါ်ပေါ်ထင်ထင်မကြည့်ရဲပေမဲ့ တိုးကြိတ်ကြိတ် ကွက်ကြည့်ကွက်ကြည့် အကြည့်တွေကို ကျွန်မသိပါသည်။
ရှက်ရွံ့မှုနဲ့အတူ တစ်ပါတည်းဝင်လာတကာက ဝမ်းနည်းစိတ်!
Zhang Yi Xingဆိုတဲ့မိန်းမက Krisအတွက်ဘယ်လောက်ပဲ အရေးပါတယ်ဆိုတာ လှလှပပကြီးကို မောင်ပြသသွားတာပဲ!
"hun~အစ်မ ကျွန်တော်!"
Sehunဆက်ပြောမယ့် နှစ်သိမ့်စကားတွေ သူ့ဆရာဘက်က ရှေ့နေလိုက်မယ့်စကားတွေလည်း မကြားချင်တော့တာမို့ လက်သာကာပြလိုက်သည်။
"xing~ရတယ်Sehun! ငါနားလည်သွားပြီ"
Fantastic Companyထဲမှထွက်ခဲ့ကာ ကားကိုမောင်းလိုက်သည်က Suho Barဆိုင်ဆီ!
ဆိုင်တံခါးအားဆွဲဖွင့်ကာ အထဲဝင်လိုက်သည်နှင့် Suhoလှမ်းပြီးပြုံးပြပေမဲ့ မပြုံးနိုင်သူက ကျွန်မ!
"xing~ ငါ့ကိုအရက်ပြင်းပြင်းပေးSuho!"
"suho~သိုးမ! ဘာဖြစ်လာတာလဲ"
"xing~နင်စကားမရှည်နဲ့ဟာ ယုန်စုတ်! နင့်ဆိုင်မှာ ဘယ်ဟာအပြင်းဆုံးလဲ? အဲ့ဒါချ"
"suho~Okတိုက်မယ်! ဒီမှာတော့မဟုတ်ဘူး! တစ်နေရာရာသွားမယ်လာ!"
ဆိုင်ထဲကပစ္စည်းတွေကိုယူပြီး ကျွန်မလက်အားဆွဲကာ ကားပေါ်ခေါ်လာတဲ့Suho!
သူ့ကားမောင်းနေတဲ့နေရာက မြစ်ကမ်းတစ်ခုဆီ!
ကမ်းဘေးမှာ ကားကိုရပ်လိုက်ပြီး ခေါက်ခုံလေးနှစ်လုံးအား ခင်းနေတဲ့သူ!
"suho~လာ ထိုင်"
ကျွန်မထိုင်လိုက်သည်နှင့် ဘီယာပုလင်းအားဖွင့်ပေးနေတဲ့ Suho!
"suho~ရော့"
"xing~ငါဒါမသောက်ချင်ဘူးSuho! အပြင်းပဲပေး"
"suho~ဇွတ်မကျနဲ့Yixing! သောက်လည်းကြည့်လိုက်အုန်း! လောကကြီးကိုမေ့သွားမယ်!"
"xing~မေ့ချင်တာ ငါအရာအားလုံးကို မေ့ပစ်ချင်တာSuho"
"suho~နင်ဘာဖြစ်လာတာလဲ"