မောင့်တစ်ပွင့်ပန်း

954 92 9
                                    

~~ep-7~~

Hotelကြီးရဲ့ အခန်းတစ်ခုအတွင်း
မှုံနေအောင် ခြယ်သပြင်ဆင်နေရသော်ငြား
သူမမပျော်ရွှင်......။

စိန်ရောင်ရွှေရောင်တွေ တဖျက်ဖျက်လက်နေတဲ့
လက်ဝတ်တန်ဆာတွေဟာလည်း သူမအတွက်
တော့ စိတ်ပျက်စရာအတိ။

လူတွေကတော့ ထင်ကြလိမ့်မည်။

ရွှေကိုရွှေကွပ်ပြီး စိန်ကိုစိန်ချင်းထပ်တဲ့
လက်ထပ်ပွဲဟာ ပျော်ရွှင်ခြင်းတွေ ပြည့်နှက်လိမ့်မည်ဟု.........။

သူမအတွက်တော့ ဘာကြောင့်မှန်းမသိ
စိတ်ထဲ ညစ်ညူ.းလို့နေသည်။

ဝမ်းနည်းစိတ်က ရင်ထဲမှာ ကြီးစိုးလျက်။

"မမ! "

ဝန်ထမ်းကောင်မလေးတစ်ယောက် အနားနားလာရပ်ကာ ခေါ်နေသည်မို့
သူမမော့ကြည့်လိုက်သည်......။

"ပြောလေ ညီမ"

"ဟိုလေ မမရဲ့Secretaryအစ်ကိုက မမနဲ့တွေ့ချင်လို့တဲ့..."

Yifan...သူက သူမကိုတွေ့ချင်တယ်!

"ဝင်ခွင့်ပေးလိုက်ပါ"

ကောင်မလေးခေါင်းညိတ်ကာ အပြင်ပြန်ထွက်သွားမှ Make-up artistဘက်လှည့်ကာ......။

"ဒီမှာရှင့် ခဏလေး အပြင်ထွက်ပေးလို့ ရမလား?"

သူမတောင်းဆိုလိုက်သည်မို့ ထိုအမျို.းသမီးက
တံခါးဖွင့်ကာ ဝင်လာသည့်Yifanအား တစ်ချက်ကြည့်ပြီး အပြင်ထွက်ပေးရှာသည်။

"ထိုင်လေ"

"ခင်ဗျားအဆင်ပြေရဲ့လား?"

"ပြေပါတယ်"

"သေချာလို့လား?"

"မင်းကတို့အဆင်ပြေလား မပြေလား လာကြည့်တာလား?"

"မဟုတ်ပါဘူး! ဒီအတိုင်းပဲ မင်္ဂလာလက်ဖွဲ့လာ
ပေးတာ! ကျွန်တော့်ကြောင့် ခင်ဗျားအနှောင့် အယှက်ဖြစ်သွားရင် sorry"

Ting Tone~~

"ခဏလေးး"

အရှေ့မှသူ့အား လက်ကာပြကာ မှန်တင်ခုံပေါ်ရှိ Phအားဖွင့်ကြည့်တော့ messageတစ်စောင်!

(Sorry Yixing ! ကိုယ်အလုပ်ကိစ္စ အရေးကြီးနေလို့ အခုမလာနိုင်တော့ဘူး!
Weddingပွဲကို ဖျက်လိုက်ပါ)

မောင့်တစ်ပွင့်ပန်းOù les histoires vivent. Découvrez maintenant