တိုရှည်

654 10 0
                                    

#တိုရှည်​လုပ်​နည်း​လေး​ပြောပြမယ်​​နော်​..

ညအိပ်​ခါနီးမှာ

ဆန်​ကြမ်းနို့ဆီဗူး၂ဘူး..
မတ်​ပဲနို့ဆီဘူးတစ်​ဘူး
ကုလားပဲနို့ဆီဘူး၃ပုံ၁ပုံ​ရေတစ်​ကြိမ်​​ဆေးပီးအိုးထဲ​ရေအမြုပ်​ထဲ့ပီးတစ်​ညစိမ်​ထားပါ...အနည်းဆုံး၁၀နာရီစိမ်​ထားပါ

မနက်​လုပ်​မဲ့အချိန်​ကျရင်​​ရေစိမ်​ထားတာ​လေး​တွေသွန်​ပီးဘလန်​ဒါထဲနဲနဲစီထဲ့ကြိတ်​ပါ..​ရေနည်းနည်းဆီဘဲထဲ့ပါ..မုန့်​နှစ်​ရည်​ရရင်​​ဆော်​ဒါတီးဇွန်း၁ဇွန်းဆားတီးဇွန်း၃ဇွန်းဟင်းချိုမှုန့်​တီးဇွန်းတဇွန်းထဲ့ပါ..​ရော​မွှေထားပါ

အမတို့non stickအိုးမရှိလည်း အိမ်​မှာဟင်းချက်​တဲ့ဒယ်​အိုးဆိုရတယ်​​နော်​..အဲ့အိုးကိုမီးဖို​ပေါ်တင်​ပီးအ​ငွေ့ထ​အောင်​အပူ​ပေးပါ..ပူရင်​ဆီတီးဇွန်း၁ဇွန်းထဲ့ပီးအဝတ်​နဲ့သုတ်​ပါ..ပီးရင်​အဲ့အိုးကို​ရေဖြန်းပါအဝတ်​နဲ့သုတ်​ပါအာ့ဆိုမုန့်​လုပ်​ဖို့ရယ်္ဒီဖြစ်​ပါပီ..ပူ​နေတဲ့အိုးကိုကိုင်​ပါ..မုန့်​နှစ်​ကိုဟင်း​မွှေဇွန်းကိုင်းမဲ​လေးဆိုဒ်​ကိုတဇွန်းခွဲထဲ့ပါဇွန်းနဲ့ပတ်​ပတ်​လည်​ပြန့်​​အောင်​ဝိုင်းလိုက်​ပါ..ကြက်​ဥထဲ့ချင်​ရင်​အဲ့အဆင့်​မှာတခါထဲ​ဖောက်​ထဲ့ပါဖြန့်​​ပေးပါ.အဖုံးခဏအုပ်​ပါ..၁မိနစ်​​နေရင်​အဖုံးဖွင့်​ပီးဆီကိုဇွန်းဖျား​လေးနဲ့ဖြန်းပါ..ကြွပ်​လာရင်​နှစ်​​ခေါက်​​ခေါက်​လိုက်​ပါ..အာ့ဆိုမုန့်​အတွက်​ရပါပီ...

သူနဲ့တွဲစားမဲ့ကျပ်​စ်​တနီးလုပ်​နည်း၃မျိုး​ပြောမယ်​​နော်

၁..အုန်းသီးကျပ်​တနီး
ပဲအကျက်​မှုန့်​ကိုထမင်းဇွန်း၅ဇွန်း..အုန်းသီးမှုန့်​၎ဇွန်းဆားတီးဇွန်း၁ဇွန်းခွဲ..သကြားတီးဇွန်းတဇွန်း..ဟင်းချိုမှုန့်​တီးဇွန်းတဝက်​ထဲ့​မွှေပါ..ပီးရင်​​ရေ​နွေးပူပူ​လောင်းထဲ့ပါ..အရည်​ရပီ..ဆီသတ်​ဖို့အတွက်​ကအိုးထဲဆီထမင်းဇွန်း၃ဇွန်းထဲ့ဆီသတ်​ရွက်​ငရုတ်​သီး​ခြောက်​မုန်​ညင်း​စေ့..ထဲ့ပီးဆနွင်းအနဲငယ်​ထဲ့ပါ..အဲ့ဆီသတ်​ကိုပဲအရည်​ထဲ​ရောလိုက်​ပါ..အာ့ဆိုအုန်းသီးကျပ်​တနီးရပါပီ
၂..ခရမ်းချဉ်​သီးကျပ်​တနီး
အိုးထဲဆီ၂ကျပ်​သား​လောက်​ထဲ့ခရမ်းချဉ်​သီးမှည့်​မှည့်​၆လုံး​လောက်​နုပ်​နုပ်​စဉ်းပီးဆီထဲထဲ့ကြက်​သွန်​နီအလတ်​ဆိုဒ်​တစ်​လုံးရှစ်​စိတ်​စိတ်​ထဲ့ငရုတ်​သီးစိမ်း၆​တောင့်​ထဲ့ကြက်​သွနိဖြူ၂မြွာထဲ့ပီး​ဆီနဲ့အိ​အောင်​​ကြော်​ပါ..ခရမ်းချဉ်​သီး​ပျော်​ရင်​အဲ့အ​ရောအကုန်​ကိုကြိတ်​စက်​ထဲထဲ့ဆားတီးဇွန်း၁..သုံရာသီးတစ်​လုံးအရည်​ညှစ်​..ဟင်းချိုမှုန့်​တီးဇွန်းတဝက်​ထဲ့ပီးကြိတ်​လိုက်​ပါ..သူ့လည်းဆီသတ်​ရမယ်​အိုးထဲဆီထဲ့ဆီသတ်​ရွက်​ငရုတ်​​ခြောက်​မုန်​ညင်း​စေ့ထဲ့ဆနွင်းမှုန့်​ငရုတ်​သီးအစိမ်းမှုန့်​ထဲ့ဆီသတ်​ပီးရင်​ခရမ်းချဉ်​သီးကြိတ်​ထားတာ​လေးထဲ့​မွှေရင်​ရပီ​နော်
၃..နံနံပင်​ကျပိတနီး
ဘလန်​ဒါထဲကိုနံနံပင်​တစ်​ရာဖိုး​ရေ​ဆေးပီးအမြစ်​ဘဲဖယ်​ပီးကျန်​တာအကုန်​နုပ်​နုပ်​စဉ်းထဲ့သံပုရာသီးတစ်​လုံးအရည်​ညှစ်​ထဲ့.ဆားတီးဇွန်း၁..ဟင်းချိုမှုန်တီးဇွန်းတဝက်..​​​​ငရုတ်​သီးစိမ်း၈​တောင့်​..ကြက်​သွန်​ဖြူ ၂မြွာထဲ့ကြိတ်​ရင်​ရပါပီ..လုပ်​စားကြည့်​ကြပါ​နော်​..အဆင်​​ပြေကြပါ​စေ.

Let's cookWhere stories live. Discover now