ကြာဆံချက်

399 12 0
                                    

ကြာဆံချက် ပူပူလေး
~~~~~~~~~
နေရာဒေသမရွေး လူတိုင်းကြိုက်တဲ့ကြာဆံဟင်းခါးကို အိမ်မှာပဲချက်စားကြမယ်လေ ...

ကြာဆံချက်ပြင်ဆင်ဖို့
~~~~~~~~
ကြာဆံဟင်းခါးထဲထည့်ဖို့......
- မှိုခြောက်ပဲပြား အသားတုတွေကို တစ်နာရီလောက်ရေစိမ်ပြီး သေခြာဆေးထားပါ
ပြီးရင် နှစ်သက်သလို ညှပ်ထားပါ
- ငုံးဥပြုတ်ထားပါ
- ငဆုပ်လုံးလေးတွေကို ဆားဟင်းခတ်မှုန့်ဂျင်းရည်လေးနဲ့လုံးပြီး ပြုတ်ထားပါ
- ကြက်သားကို ငံပြာရည်  ဟင်းခတ်မှုန့်နဲ့နယ်ခနနှပ်ထားပြီးအအေးခံပါ
ပြီးရင်အရိုးသပ်သပ်ခွဲပြုတ်ပြီး 
အသားတွေသပ်သပ်ပြုတ်လို့နွှင်ထားပါ
- ကြက်သွန်ဖြူနီဂျင်းထောင်းထားပါ
- ကြက်သွန်နီဥအသေးလေးများခွာထားပါ

စချက်ကြရအောင်
~~~~~~~~
ဆီအနည်းငယ်တည်ပါ
ပူလာရင် ကြက်သွန်ဖြူနီဂျင်းထောင်းထားတာထည့်ဆီသတ်ပါ
ညှပ်ထားတဲ့ မှိုခြောက်အသားတုတွေ ထည့်မွှေပေးပါ
အရသာဟင်းခတ်မှုန့် ဆားလိုအပ်သလိုထည့်ပါ
ကြက်ရိုးပြုတ်ရည်ထည့်ပါ
ကြာဆံကို ရေဆေးပြီး မမာတော့ဘူးဆိုရင်  ထည့်ပါ
(ကျမကတော့ ကြာဆံကိုရေမစိမ်ထားပါဘူးရှင့် )
ငဆုပ်လုံးလေးများထည့်ပါ
မီးအေးအေးနဲ့ ပွက်လာသည်အထိတည်ပေးပါ
ကြာဆံဖတ်အိလာလျှင် ကြက်သွန်နီဥလေးများထည့်ပါ
ကြက်သွန်ဖြူဥလေးတွေပါးပါးလှီးထည့်ပါ
ငုံးဥပြုတ်လေးများ ထည့်ပါ
အရသာလိုအပ်သလိုမြည်းစမ်းပါ

နာရီဝက်လောက်ကြာရင်
ငရုပ်သီးကြိုက်သူတွေက ငရုတ်သီးလှော်လေးထည့်
နံနံပင်ကြက်သွန်မိတ်လေးထည့်
သံပုရာရည်လေးညှစ်လို့  အရသာရှိလှတဲ့
ကြက်သား ကြာဆံချက် လေး ရပါပြီနော်

နာရီဝက်လောက်ကြာရင်ငရုပ်သီးကြိုက်သူတွေက ငရုတ်သီးလှော်လေးထည့်နံနံပင်ကြက်သွန်မိတ်လေးထည့်သံပုရာရည်လေးညှစ်လို့  အရသာရှိလှတဲ့ကြက်သား ကြာဆံချက် လေး ရပါပြီနော်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Let's cookWhere stories live. Discover now