ပြည်ကြီးငါးချဉ်စပ်ဟင်း

423 9 0
                                    

#ပြည်ကြီးငါးချဉ်စပ်ဟင်း

ဒီတစ်ခါ ကျမတို့ စားသောက်ဆိုင်ကြီးတွေမှာ
ဈေးကြီးပေးဝယ်စားနေရတဲ့………
ပင်လယ်စာကြိုက်သူများအတွက်…………

"#ပြည်ကြီးငါးလေးကိုချဉ်စပ်လေးချက်စားကြရအောင်"

ဟုတ်ပြီ!!!! ဒီတော့ ချက်နည်းလေးစလိုက်ရအောင်နော်…


လိုအပ်သည့်အမယ်များကတော့…

ပြည်ကြီးငါး
ကြက်သွန်ဖြူ၊
ကြက်သွန်နီ
ခရမ်းချဉ်သီးအနည်းငယ်
မန်ကျည်းနှစ်အနည်းငယ်
ကြက်သွန်မိတ်
ဆီ
ပဲပုပ်စေ့အစပ်
ဆား
ဟင်းခတ်မှုန့်
နှစ်သက်ရာ ဟင်းသီးဟင်းရွက်များ
ငရုတ်သီးစိမ်း
အရောင်တင်မှုန့်အချို့
တို့ လိုအပ်ပါမယ်။

-ပထမဆုံး ပြည်ကြီးငါးကို ခေါင်းဖြတ်၍ အားလုံးသန့်စင်အောင်ဆေးကြောပြီး ထက်ခြမ်းခြမ်းထားပါ…
-ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။
-ကြက်သွန်မိတ်ကို ၁ လက်မအရှည်ခန့် လှီးဖြတ်ထားပါ။ -ဒယ်အိုးကို မီးဖိုပေါ်တင် ဒယ်အိုးထဲဆီထည့်ပြီး မီးပြင်းပြင်းအပူပေးပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီး မိနစ်အနည်းငယ် ကြော်ပါ။
-ကြက်သွန်အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးကိုထည့်၍ လိပ်နေအောင်ကြော်ပါ
-်ပြီးလျှင် ပဲပုပ်စေ့ထည့်ပြီး မိနစ်အနည်းငယ်မွှေပေးပါ။
-ပြီးနောက် ပြည်ကြီးငါးထည့်၍ မိနစ်အနည်းငယ်ကြော်ပါ။
-ကျိတ်ထားသောငရုတ်သီးစိမ်းများထည့်၍ မွှေးလာသည်အထိ ကြော်ချက်ပေးပါ
-အမွှေးနံ့ထွက်လာလျှင် မန်ကျဉ်းနှစ်လိုသလောက်ထည့်ပါ
-ဤအဆင့်ပြီးသည်နှင့် အသီးအရွက်များ ထည့်ပြီးပြီးချင်းချပါ…
-အချိုအငံ့ထပ်ထည့်ပါ
-၎င်းနောက် ကြက်သွန်မြိတ် ဟင်းခတ်မှုန့်ထည့်၍ ရောမွှေပြီး အရသာမြည်းကြည့်ကာ ပြည်ကြီးငါးချဉ်စပ်ကို စားသုံးနိုင်ပါတယ်။

Let's cookWhere stories live. Discover now