ကြက်ချဉ်စပ် ချက်နည်း

516 11 0
                                    

-

*ကြက်ချဉ်စပ် ချက်နည်း*
ကြက်ချဉ်စပ်ချက်ရန် ---

ကြက်၂၀ သားကိုရေဆေး ပြီး ခပ်သေးသေးလှီးပါ..
ဆားနဲ့ ကြက်သားမှုန့် ကိုရော နယ်ထားပြီး
အနည်းငယ်ကြော်ပါ..

ကြက်သွန်နီဥကြီး၂ လုံး
ငရုတ်ပွ ၂ တောင့်  ရေဆေးလှီးထားပါ

ဗီနီကာရည်/ သံပုရာရည် ထမင်းစား ၂ဇွန်း ,
ရှမ်းငရုတ်ချဉ်ထမင်းစား၂ ဇွန်း ,
ကော်မှုနိ့် ကတော့  ထမင်းစား ၂ ဇွန်း လောက်ပေါ့
ဆား ကြက်သားမှုန့် ရေအနဲငယ် ထည့်ဖျော်ထားပါ

ဒယ်အိုးထဲသို့  ဆီထမင်းစား ၄ ဇွန်းခန့်ထည့်ပါ ကြက်သွန်နီထည့်ပြီးမွှေပါ
ကြက်သားထပ်ထဲ့မွှေပါ
ကော်ရည်ထဲ့မွှေပါ
ငရုတ်ပွထဲ့မွှေပါ
အပျစ်အကျဲ , အရသာ ညှိပါ(မိမိနှစ်သက်သလို)

အားလုံးပြီးရင်တော့
ကြက်ချဉ်စပ်ချက် လးရေပါပြီ

ပန်းကန်ထဲသို့ ထဲ့၍ ကြက် ချဉ်စပ်ချက်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ....

Let's cookWhere stories live. Discover now