တို့ဟူးနွေး

329 15 1
                                    

တိုဟူးနွေး (ထိုဖူးအွန်)
အိမ်နေလုပ်စားတာဆိုတော့ မိမိအိမ်မှာရှိတဲ့
Blender လေးနဲ့ပဲ အလွယ်တကူ ပြုလုပ်လို့ရပါတယ်
ကုလားပဲကို ရေဆေးပြီး ညကတည်းက ရေစိမ်ထားပါ
မနက်ရောက်မှ Blender ထဲထည့် ရေထည့်ပြီးကြိတ်ပါ
မိသားစုစားဖို့အတွက်ဆို ပဲနှစ်ဗူးနဲ့ လုံလောက်ပါတယ်
ကြိတ်ပြီးရလာတဲ့ပဲရည်ကို အဝတ်စဖြင့် ဇလုံတခုထဲသို့ စစ်ချပါ
အဝတ်စထဲကျန်နေတဲ့ ပဲဖတ်ကို ရေအနည်းငယ်ပြန်ထည့်ပြီး
Blender ထဲပြနိကြိတ်ပြီး စစ်ယူပါ
ပဲဖတ်ကို သီးသန့်ဖယ်ထားပါ
ဇလုံထဲက ပဲရည်ကို အနယ်ထိုင်ရန် တနာရီခန့်ထားပါ
ပဲရည်အနယ်ထိုင်ပြီဆိုမှ အပေါ်ယံပဲရည်ကို သတ်သတ်သွန်ထားပါ
ဇလုံထဲမှာ ပဲအနှစ်ဖြူဖြူလေးကျန်နေပါမယ်... သီးသန့်ထားပါ
@@အိုးထဲသ်ို့ ပဲရည်တဝက်လောင်းထည့်ပြီး ဆူပွက်လာထိ
အဆက်မပြတ်မွှေပါ... ဆူပွက်လာလျှင် ပဲမြှုပ်များတက်လာ၍
ကုန်စင်နိုင်သလောက်ခပ်ပစ်ပါ
ပြီးလျှင် သီးသန့်ဖယ်ထားသည့် ပဲနှစ်အဖြူရည်လေးကို မွှေနှောက်ပြီး
အိုးထဲသို့ လောင်းထည့်ပါ... ဆူပွက်သည်ထိ အဆက်မပြတ်မွှေပါ
အပွက်ညီလျှင် နနွင်းအနည်းငယ်ရေဖျော်ထည့် သကြားနည်းနည်း
ဆား အရသာမှုန့်များထည့်ပြီး ငါးမိနစ်ခန့် ဆက်မွှေပါ
မီးရှိန်လျှော့ထားပါ.....
@ကြက်သွန်ဖြူဆီချက်
ူ်@ကြာညို့
@မြေပဲဆားလှော်ထောင်း
@_ဆီမွှေး
@ငရုတ်သီး
@နံနံပင် .... တို့ကိုပြင်ဆင်ထားပါ
ခေါက်ဆွဲဖတ်အနည်းငယ်ကို တိုဟူးနွေးအိုးထဲနှစ်စိမ်ပါ
တမိနစ်ခန့်စိမ်ပြီး ပန်းကန်ထဲဆယ်ကာ ပြင်ဆင်ထားတဲ့
အမွှေးအကြိုင်အဆာများထည့်ပါ.... အီကြာကွေးကြိုက်လျင်လည်း
ညှပ်ထည့်ပြီး သုံးဆောင်နိုင်ပါသည်......
#ကျန်နေတဲ့ပဲဖတ်ကိုအကြော်မှုန့်အရသာမှုန့်ထည့်ပြီးအကြော်ကြော်နိုင်ပါသည်

Let's cookWhere stories live. Discover now