အမဲသားခြောက်စပ်ကြော်စပ်စပ်လေး ကြော်စားမယ်။

359 11 0
                                    

ပါဝင်ပစ္စည်းလေးတွေကတော့
၁. အမဲသား ( မိမိနှစ်သက်သလောက် )
၂. ကြက်သွန်ဖြူ ( ၅ တက် )
၃. ဂျင်း ( အနည်းငယ် )
၎. ငရုပ်သီး အကြမ်းမှုန့်( စားပွဲတင်ဇွန်း ၂ ဇွန်း )
၅. ဟင်းခတ်မှုန့် ( အနည်းငယ် )
၆. ငရုပ်ကောင်းမှုန့် ( အနည်းငယ် )
၇. ဆီ ( အနည်းငယ် )
၈. ဂျုံမှုန့် ( အနည်းငယ် )

ပြုလုပ်ပုံအဆင့်ဆင့်
၁. အရင်ဦးဆုံး အမဲသားကို ရေပြောင်ဆေးကြောသန့်စင်ပြီး ဟင်းခတ်မှုန့်နဲ့ နယ်ဖတ်လိုက်ပါ။ နယ်ပြီးပြီဆိုရင် ဂျုံမှုန့်နဲ့ အမဲသားကို နယ်လိုက်ပါ။

၂. ဂျုံမှုန့်နဲ့ နယ်ပြီးသွားတဲ့ အမဲသားကို ဆီအိုး ပူပူလေးထဲမှာ ကြော်လိုက်ပါ။ ကြော်ပြီးသွားရင် ဆယ်လိုက်ပါ။

၃. ပြီးသွားရင် နောက်ထပ် အိုးအသစ်တစ်လုံးထဲမှာ ဆီကို အနည်းငယ် ထည့်ပြီး ငရုပ်သီးအကြမ်းမှုန့်၊ ကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာကို ဆီသတ်လိုက်ပါ။ ဆီသတ်ပြီးပြီဆိုရင် ကြော်ထားတဲ့ အမဲသားတွေကို ထည့်ပြီး ပြန်ကြော်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ အမဲသားခြောက်စပ်ကြော်ကို ရရှိပါပြီနော်။

Let's cookWhere stories live. Discover now