၁၀ မိနစ်နဲ့ အသုပ်လေးတစ်ပွဲ ဖန်တီးမယ်.
#အပ်မှိုချဉ်ငံစပ်သုပ် 👈👉 လိုအပ်သောအမယ်များ (အပ်မှိုတစ်ထုပ် လူ ၃ ယောက်စာ)
- အိမ်အနီးအနားဝန်းကျင်က Mart တွေမှာတောင် ရနိုင်တဲ့ အပ်မှို တစ်ထုပ် (1350 ks)
- ခရမ်းချဉ်သီး အနေတော် တစ်လုံးခွဲ (ကြိုက်ရင် နှစ်လုံးထည့်လို့ရပါတယ်)
- ထန်းလျက်ခဲ တစ်ခဲ (အနေတော်လုံး)
- မြေပဲ ထမင်းစားဇွန်း တစ်ဇွန်းစာ (ချိန်ဆပါ. မြေပဲများရင် အီပြီး စားမကောင်းပါ)
- ငရုတ်သီးစိမ်း (အစပ်ကြိုက်ရင် အသေးလေးတွေ သုံးပါ. အတောင့်ကြီး ၁၃~၁၅ တောင့်)
- သံပုရာသီး တစ်လုံး (သံပုရာသီး မရှိလို့ ရှောက်သီးထည့်လိုက်ရတယ် 😁)
- ပုစွန်ခြောက် အနည်းငယ် (အကောင်းကြိုက်သူများ လိုသလောက်သာထည့်စား)
- ငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
- အချိုမှုန့် အနည်းငယ်ကုန်ကျစရိတ် - ၁၅၀၀ ကျပ်ကျော်ကျော်နှင့် ၃ ယောက်စာ ရပါတယ်.
#အစားကြီးရင်တော့ #သုံးယောက်စာမရ 😁😁😁👉 ပြင်ဆင်ပြုလုပ်နည်း
- အပ်မှိုကို အမြစ်ဖြတ် ရေစင်စင်ဆေးပြီး ရေနွေးဖျောပါ (ရေနွေးအဆင်သင့်မရှိရင် ပြုတ်ပါ. ၅ မိနစ်)
- ပြုတ်ထားတုန်း မြေပဲ, ထန်းလျက်, ငရုတ်သီးစိမ်းတို့ကို ရောထောင်းပါ.
- ညက်သွားရင် ခရမ်းချဉ်သီး လေးစိတ်လှီးထည့်ပြီး ခဏထောင်းပေးပါ.
- ရေနွေးကြောင့် ပူနေတဲ့ အပ်မှိုလေးတွေကို ရေအေးခဏစိမ်ပေးပါ.(သပ်သပ်မစိမ်ချင်လည်း အပူခံနိုင်ရင် ရေနွေးထဲကဆယ်ပါ. လှီးတဲ့အခါ မပူရအောင် ရေအေးစိမ်ခိုင်းခြင်းပါ)
- အပ်မှိုလေးများကို တစ်ဝက်ဖြတ်ကာ အထက်ပါ ထောင်းထားသည်များနှင့်ရော,
ငံပြာရည်, အချိုမှုန့်, သံပုရာရည်ညှစ်ပြီး သုပ်ကာ ပုစွန်ခြောက်လေးဖြူးပြီး စားသုံးနိုင်ပါပြီရှင်.#အထက်ပါနည်းအရ #သင်္ဘောသီးထောင်းလည်းလုပ်စားနိုင်ပါတယ်.
- အရင်ဆုံး ပါဝင်ပစ္စည်းများ ရောထောင်းပြီး သင်္ဘောသီးခြစ်ထားသည်များနှင့် ငံပြာရည် သံပုရာသီး အခြမ်းလိုက်များ ထည့်ပြီး ထောင်းကာ ပုစွန်ခြောက်, ကန်စွန်းညွှန့်, ဂေါ်ဖီတို့နှင့် တည်ခင်းသုံးဆောင်နိုင်ပါတယ်.