EP.1

58.4K 1.6K 69
                                    


" ကိုလွန်းထက်​ ခင်​ဗျားရူး​နေတာလား
ကားကိုခုရပ်​​ပေး "

" sorry ဖန်​ဆင်း ... မင်းကို ကိုယ်​​ပြောပီးပြီပဲ
ကိုယ်​ကလွဲပီး မင်းကိုဘယ်​သူမှ
ပိုင်​ဆိုင်​ခွင့်မရှိဘူးလို့ .. "

"အရူးလိုစကား​တွေ​ပြော​နေတာ ရပ်​​တော့
ခင်​ဗျား​ရောကျ​နော်​​ရော ​ယောကျ်ားလေး .. ပီး​တော့
ကျ​နော်​ ဘယ်​​တော့မှ ​ယောကျ်ား​တစ်​​ယောက်​ကို
ချစ်​မှာမဟုတ်​ဘူးလို့ ​ပြောပီးပြီ
ကားကိုအခုရပ်​လိုက်​ပါ.."

" ကိုယ်​မရပ်​ပေးနိုင်​ဘူး ဖန်​ဆင်း..."

" ခင်​ဗျား "


အရှိန်​မြင့်လွန်း​သော ကား​လေးက တရိပ်​ရိပ်​ ​ပြေးလွှား​နေသည်​ ။
သတို့သား ဝတ်​စုံဝတ်​ထား​သော
ဖန်​ဆင်းတစ်​​ယောက်​
​​ဇော​ချွေးပြန်​​နေမိသည်​..ခုချိန်​​လောက်​ဆို
ခန်းမထဲက လူ​တွေဘယ်​လိုထင်​ကုန်​မည်​နည်း...ပြီးတော့ လွှာ ... ၊
ခုချိန်​​လောက်​ဆို စိတ်​ပူရလွန်းလို့ သူမငိုနေ​လောက်​ပြီ...
​စည်းစနစ်​ ကြီးမားပြီး ​ဒေါသကြီးလွန်း​သော ​​
ဖေ​ဖေ...​ဆေးရုံက ဝန်​ထမ်း​တွေနဲ့အသိမိတ်​​ဆွေ​တွေကြား အရှက်​ရ​စေလို့
သူ့ကိုသက်​ချင်​​လောက်​​အောင်​​​ဒေါသဖြစ်​​နေပြီလား .....​ဆေးရုံအုပ်​ရဲ့သားက ​မင်္ဂလာ​ဆောင်​မှာ ရောက်မလာခဲ့ပဲယောကျ်ားတစ်​​ယောက်​​နောက်​လိုက်​​ပြေးသွားတယ်​သာ ဆိုလျှင်​ မိဘ​တွေရဲ့သိက္ခာ.....ဒါဆို သူက​ရော ... ဟင့်အင်း သူဒီလိုအဖြစ်​မခံနိုင်​ပါ .......။

" ကျ​နော်​ ​တောင်းပန်​ပါတယ်​ ကိုလွန်းထက်​
ခင်ဗျားနဲ့ကျ​နော်​ ဘယ်​လိုမှမဖြစ်​နိုင်​ဘူး ..
ကျ​နော့်ကို
သွားခွင့်ပေးပါ ​ကျေးဇူးပြုပြီး..."

" ဘာလို့လဲ .... ဘာလို့လဲ ဖန်​ဆင်း ...
ဘာလဲ ကိုယ်​က ​
ယောကျ်ားတစ်​​ယောက်​မို့လို့လား ? "

"......."

" ဟုတ်​လား .. ​ပြောစမ်းပါ ... ​
ယောကျ်ားတစ်​​ယောက်​က
တခြား​ယောကျ်ား​လေးတစ်​​ယောက်​ကို
မချစ်နိုင်​ဘူးတဲ့လား
မချစ်​ရဘူးတဲ့လား ​ပြောစမ်းပါ "

ဖန်​ဆင်းရှင်​ သတို့သားWhere stories live. Discover now