" Hallo "
📞 ကားလာပို့ပေးစမ်းပါ '
" မနက်က မင်းကားယူသွားတယ်မှလား .
ငါ အိပ်မလို့ "' ဖန်ဆင်း ငါအတည်ပြောနေတာနော်
အခုလာပို့ပေး '" ဇ ရာ .. ငါအိပ်မလို့ပါဆို .. မင်းမနက်က
ကားယူသွားတာပဲလေ "' အဲ့ကား ပျက်သွားလို့ . လာပို့ဆို လာပို့စမ်းပါကွာ
ရှည်တယ် နာရီဝက်ပဲအချိန်ရမယ် ဒါပဲ '" ဟာ .. ဟေ့ ဇ ... "
သာလွန်းဇဆိုတဲ့လူသည် အမေဝမ်းထဲကထွက်တာနဲ့
လူတကာကို လက်ညှိုးထိုးခိုင်းစားလာခဲ့ပုံပင် ၊
အလုပ်နားရက် အိမ်မှာသူလဲမရှိတာမို့ အေးအေးဆေးဆေး
အနားယူပြီး အိပ်ဖို့တွေးထားတာ ခုတော့ ။
လက်ထဲက စာအုပ်ကိုချ ကုတင်ပေါ်ကဆင်းကာ နာရီဝက်ဆိုသော အမိန့်ကြောင့် အိမ်နေရင်းဝတ်ထားသည့် ဒူးလောက်ဘောင်းဘီတိုလေးနဲ့ စပို့ရှပ်အနီလေးကို လဲမနေတော့ပဲ
အပေါ်က ရှပ်လက်ရှည်အပါးတစ်ထည်ကောက်စွတ်ပြီး
ထွက်ခဲ့လိုက်သည် ။" ဟော အကိုလေး အိပ်မလို့ဆို ဘယ်လဲ "
" ကြိမ်စကြ်ာနဲ့ ရိုက်ခေါ်ခံရလို့ဟေ့ "
" ဘယ်လို အဲ့တာငမိုးရိပ် ပုံပြင်ထဲမှာပဲရှိတာမှလား
အကိုလေးရ ... မနောက်ပါနဲ့ "" အေး အခုကအဲ့ထက်ဆိုးတယ် ... သွားပါကွာ
ခြံတခါးသွားဖွင့် ... မင်းရှင်းပြနေရတာနဲ့ နောက်ကျရင်
ငါပဲ အပြောအဆိုမလွတ် ဖြစ်အုံးမယ် "ယောင်နနနဲ့ ဖိုးလုံးထွက်သွားသည် ၊ ဒါတောင် လှည့်ကြည့်
လှည့်ကြည့်နဲ့ ၊။ကုမ္ပဏီကို ဖုန်းဆက်တော့ ဆောက်လက်စ
စက်ရုံကိုသွားတယ်တဲ့ ၊ တော်သေးတာပေါ့ မရောက်ခင်ကြိုမေးမိလို့ ဟိုကိုယ်တော်က ကားသာလာပို့ခိုင်းတာ ဘယ်နေရာဆိုတာ မပြောဘူး ။"ဟာ အကိုလေးဖန်ဆင်း ဒီထဲထိလိုက်လာတာပဲ
သူဌေးကို လာရှာတာလား "