Ep.12

15.9K 1.1K 71
                                    


နားထဲမှာ ​ခေါ်သံလိုလိုတိုးသဲ့သဲ့ စကားသံ​ကြောင့်​ နိုးလာ​တော့ လူတကိုယ်​လုံး ကိုင်​ရိုက်​ခံထားရသလို နာကျင်​​နေကာ
ခေါင်း​တွေအ​သေကိုက်​​နေပြီး မျက်​လုံး​တွေကဖန်​စပ်​​နေကာ
ဖွင့်​မရ ၊ ​သေချာပြီ သူဖျား​နေပြီ ၊ ညက မိုးမိထားရတဲ့အထဲ
ခေါင်းမ​ခြောက်​ပဲ အိပ်​လိုက်​မိတာ ။

" ဖန်​ဆင်း ထ​တော့ မနက်​စာပြင်​​ပေး "

ဇ အသံက ပုံမှန်​အတိုင်း မ​နေ့ဘာပြသနာမှမဖြစ်​ခဲ့သလို ။
အခုမှမဟုတ်​ပါဘူး ဘယ်​တုန်းကများ ပြသနာဖြစ်​ပြီးတိုင်း
ပြောင်းလဲသွားတာမှမဟုတ်​ပဲ ၊ ဘားမှမဖြစ်​သလို ​နေ​နေကြပဲကို ။
မလှုပ်​ချင်​သည့်​ ကိုယ်​လက်​​တွေကို အားယူလှုပ်​ရှားရင်း
ကုတင်​​ပေါ်​လျှောဆင်းရသည်​။

" အကို​လေး ​နေမ​ကောင်းဘူးလား
မျက်​နှာက ဖြူ​ဖျော့​နေတာပဲ "

" ရတယ်​ ဘားမှမဖြစ်​ဘူး ...အဲ့ဒါ
ထားခဲ့ ဖိုးလုံး .. ဘုရားခန်းထဲကပန်းအိုး​တွေ
ရေသွားလဲချည်​ ... ငါဆက်​လုပ်​လိုက်​မယ်​ "

" ရပါ့မလား အကို​လေး​နေမ​ကောင်းရင်
နား​လေ ..ကျ​နော်​ပဲ မနက်​စာပြင်​လိုက်​မယ်​ "

" ငါနားပူမခံနိုင်​လို့ပါ ဖိုးလုံးရာ ..သွားစမ်းပါ "

" ဟုတ်​ကဲ့ ... အကို​လေးရပါတယ်​​နော်​ "

သူ​ခေါင်းသာညှိမ့်​ပြမိသည်​ ၊ စပ်​ဖျင်းဖျင်း ဖြစ်​​နေတဲ့မျက်​လုံး​တွေက ​လေးလံ​နေတာကို မနည်းအားယူဖွင့်​​နေရသည်​။
ဖြစ်​နိုင်​ရင်​ အိပ်​ယာထဲမှာသာ ​ခွေလှဲ​နေချင်​မိသည်​။

" ဒီအိမ်​​ရောက်​မှပဲ ​မေလဲ မနက်​စာထမင်းစားတာ
အကျင့်​ဖြစ်​​တော့မယ်​ထင်​တယ်​ ... အချိန်​​ရောက်​လာတာနဲ့
ဆက်​အိပ်​မရ​တော့​အောင်​ ဗိုက်​ကဆာလာတာ..."

" ထိုင်​​လေ ​မေ "

" အင်း ... ဒါနဲ့ ညက ​လာ​ခေါ်​ပေးတာ
ကျေးဇူးပဲ​နော်​ ဇ ... ​မေတစ်​​ယောက်​ထဲသာ
ဆို ​တော်​​တော်​ဒုက္ခ​ရောက်​မှာ "

" ရပါတယ်​ ​မေရဲ့ ... သူစိမ်း​တွေမှမဟုတ်​ပဲ "

ဒါဆိုညက ကိုယ့်​ကိုထားခဲ့တာ သူမကိုစီသွား​နေလို့​ပေါ့ ။
စိတ်​ထဲမှာ မျက်​ခနဲ။
နဂိုက မကြည်​လင်​သည့်​​ခေါင်းက စိတ်​ရှုပ်​​ထွေးခြင်းနဲ့
ပေါင်းကာ လူက​ခွေယိုင်​လဲချင်​လာသည်​။

ဖန်​ဆင်းရှင်​ သတို့သားWhere stories live. Discover now