" မဖြစ်နိုင်ဘူး သူဘာလို့အလုပ်ထွက်ရမှာလဲ
ဒါ ဒေါ်လေးမေကြောင့်မှတ်လား
သူ့ကိုအလုပ်ထွက်ခိုင်းလိုက်တာ"" မဟုတ်ပါဘူး လွန်းလေးရယ်
ဒေါ်လေးမေရှင်းပြတာလဲ နားထောင်ပါအုံး"" ခုမှ ရှင်းပြလဲ ဘာထူးမှာလဲ "
" ဒီမှာ လွန်းလေး ဒေါ်လေးမေပြောမယ်
သူနဲ့ဒေါ်လေးမေ စကားပြောဖြစ်ကြတာ မှန်တယ်
ဒါပေမယ့် သူအလုပ်ထွက်သွားတာ ဒေါ်လေးမေကြောင့် မဟုတ်ဘူး ၊ သူလက်ထပ်တော့မှာမလို့ "" ဘယ်လို ..ဒေါ်လေးမေ ... ဒါနောက်စရာ
မဟုတ်ဘူးနော် "" မင်းမယုံမှန်းသိတယ် လွန်း ၊ ဒီမှာ ဖိတ်စာ
အတွင်းရေးမှုးနဲ့ဖိတ်ခိုင်းရင် မယုံကြည်ပဲရန်ရှာနေမှာ စိုးလို့တဲ့ "ဒေါ်လေးမေ ပေးတဲ့ဖိတ်စာကို ယူဖို့ လက်တွန့်နေမိသည်။
ဒါနောက်နေတာမဟုတ်ဘူးလား၊ နောက်နေတာပဲ
ဖြစ်မှာပါ။
တုန်တုန်ချိချိနဲ့ ရွှေရောင်ပေလွှာ ဖိတ်စာလေးကို
ဖြန့်ချလိုက်ချိန် ၊ သတို့သားနေရာမှ အမည်နာမက သူ့ကို သေမိန့်ချလိုက်သည့်နှယ် ။မောင်ဖန်ဆင်းရှင်
နှင့်
မအလွှာပါးတို့၏ ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ......တဲ့။
တစ်သက်တာ ဆုံးရှုံးလိုက်ရတော့မှာလား ။ မဖြစ်နိုင်ဘူးလို့ ဇွတ်မှိတ်ငြင်းချင်ပေမယ့် ဒါဟာ
ရှောင်လွှဲမရတဲ့ အမှန်တရား။
နားလည်လက်ခံဖို့ ခဲယဉ်းလွန်းတဲ့အရာ။
တစ်ချိန်ချိန်မှာ ဒီလိုမျိုးတွေရှိလာလိမ့်မယ်လို့ ကြိုသိခဲ့ပေမယ့် လက်တွေ့မှာ နားလည်လက်ခံလို့မရနိုင်ဘူး။
ကိုယ်မင်းနဲ့ပတ်သက်ရင် အတ္တကြီးတယ်ဖန်ဆင်း၊မင်းကို ကိုယ်မပိုင်ဆိုင်လို့ရပေမယ့် တခြားသူပိုင်ဆိုင်သွားမှာကိုတော့ ကိုယ်မမြင်ချင်ဘူး ၊
မင်းက ကြယ်ပါ ။
ဟိုးအဝေးမှာ လင်းလက်တောက်ပနေတဲ့ကြယ် ၊
နီးကပ်ဖို့ ကြိုးစားလို့မရခဲ့သလို ခြွေခူးဖို့လဲမလုပ်ရက်ခဲ့ဘူး။
မင်းက ကိုယ်တန်ဖိုးအထားရဆုံး အရာပါ ၊
မင်းကိုယ်တိုင် သက်ဆင်းချင်ရင်တောင် ကိုယ်တားချင်တယ်။
တားခွင့်မရှိရင်တောင် ကိုယ်တားပါရစေ ချစ်ရသူရယ်။