ဒေါက် !
လွတ်ကျသွားတဲ့ ခဲတံက ကြမ်းပြင်မှာတစ်ထောက်နားကာ
ခုံကြားထဲ အနည်းငယ် လိမ့်ဆင်းသည်။
တစ်ဆက်ဆက် တုန်ယင်နေတဲ့လက်ကို တစ်ဖက်ကဖိကိုင်
ထိန်းနေပေမယ့် တုန်နေတာကပြောက်မသွားပေ ။
ခနလောက် ညိမ်နေလိုက်တော့မှ ပြောက်သွားသည်၊ ပြုတ်ကျနေတဲ့ ခဲတံကိုကောက်ပြီး စားပွဲပေါ်တင်ကာ
သန့်စင်ခန်းဖက် ထွက်ခဲ့လိုက်သည်။ဒါဘာဖြစ်တာလဲ ... ခုရက်ထဲ လက်တုန်တာက သိသိသာသာ စိတ်လာတာ ပုံဆွဲလို့ပင်မရ ၊
မကြာခနလဲ မေ့တတ်လာပြီး ခနခနခေါင်းကိုက်တတ်သည် ။
လက်တုန်တာက အရင်ထဲကပေမယ့် တစ်ခါတစ်လေမှသာ၊
ပြီးတော့ ဒီလောက်ထိအခြေအနေမဆိုးဖူးဘူး ခုမှ။
အိပ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး တစ်ခါဖူးမျှ မခေါ်ရသေးသော
နံပတ်သစ်တစ်ခုကို နှိပ်လိုက်သည်။" hallo ...အရိပ် ဟုတ်ကျနော်ပါ
အချိန်ခနလောက်ရမလား သိချင်လို့ ...ဟင့်အင်း
ရတယ်မလာနဲ့ ဆေးရုံကပဲစောင့်ပေး ကျနော်အဲ့ကို
လာခဲ့မယ် ...ဟုတ် "အခန်းထဲပြန်ဝင်လာတော့ မေလင်းမြတ်ရောက်နေသည်။
ဆိုဖာမှာ နှစ်ယောက်ပူးကပ်ထိုင်နေကာ ဖုန်းကိုစိတ်ဝင်တစား
ကြည့်နေကြပြီး ရယ်နေတာ လူဝင်လာတာတောင်လှည့်မကြည့်။" ment တွေကိုဖက်ကြည့်အုံး ဇ မေတို့ကို
သဘောတူနေကြတာ .. ဒါတောင်
Movieမထွက်သေးဘူး ဟင်း ဟင်း ....
ကဲ ဘယ်လိုလဲ မေတို့လဲ date ကြမလား "" မေ "
" နောက်တာပါ ဇရယ် .. ဘာလို့ ဒီလောက်ထိ
လန့်သွားရတာလဲ .. ဒီကလဲမတွဲပါဘူးနော်
သူက အိမ်ထောင်သည် မေကအပျိုလေးကို "" တကယ်လားလို့ ရင်ခုန်သွားတာ "
" ဟာ ကြည့်စမ်း ...ဆုတောင်း ခ်ခ် "
ကြားနေရတာတွေက ဘာတွေလဲ အခန်းထဲမှာသုံးယောက်ရှိနေပေမယ့် ကိုယ့်ကို ရှိတယ်လို့ပင်မထင်ကြ ။
တစ်ယောက်က dateကြရအောင်တဲ့ ၊
တစ်ယောက်ကလဲ ရင်တောင်ခုန်သွားတယ်တဲ့လား ၊
ဟုတ်မှာပါ ခင်ဗျားတို့နှစ်ယောက်က လိုက်ဖက်တာပဲ ကျနော့်
လို အပိုလူသာမရှိရင် ။