" တိုက်ခန်းပြင်နေတဲ့ ရက်ပိုင်းလေးပဲ
နေမှာပါ ... တည်းခိုခန်းမှာနေဖို့ကလဲ မိန်းခလေး
တစ်ယောက်ထဲမို့ မသင့်တော်လို့ ...မေက
ဇတို့ဖန်ဆင်းတို့ကို အားကိုးပြီးလာခဲ့တာ "" မဟုတ်သေးဘူး မေ .. ကိုယ်ပြောတာက
ဒီအိမ်မှာ ရှိနေကြတာက ယောက်ျားလေးတွေ
ကြီးပဲ ... မေက မိန်းခလေး ... တစ်စုံတစ်ခု
အကြောင်းအရာပေါ်လာရင် .. မေပဲထိခိုက်မှာ "" မေက ဇတို့ဖန်ဆင်းတို့ကို ယုံပြီးသားလေ ..
ဇတို့က အဲ့လိုလူမျိုးတွေမှမဟုတ်တာ "" မေ ကိုယ်တို့ကို ယုံကြည်ပေးတာကို
ကျေးဇူးတင်ပါတယ် .. ဒါပေမယ့် မေက
Cele တစ်ယောက်နော် ... သတင်းထွက်လာရင်
အရင်ဆုံးထိခိုက်မှာက မေ "" မေသိပါတယ် ဇရဲ့... ဒါပေမယ့်
မေ ဂရုမစိုက်ဘူး ... လူတွေက ဒီလိုပဲ
ထင်ကြေးနဲ့ပြောဆိုနေတာလေ ... အချိန်တန်တော့
ရှင်းသွားလိမ့်မယ်.. . မေကတော့ အပင်မြင့်လို့
လေတိုက်ခံရတယ်ပဲ မှတ်တယ် ... ကိုယ်ကောင်းရင်
ခေါင်းမရွေ့ဘူး "" ကျစ် ... မဟုတ် "
" မမေလင်းမြတ် အဆင်ပြေတယ်ဆိုရင်
နေပါ .... အခန်းပိုတစ်ခန်းလဲ ရှိတာပဲ "" ကျေးဇူးတင်လိုက်တာ ဖန်ဆင်းရယ်...
ဇ ကလဲ ငြင်းနေတာ မေ့ကိုနှင်ထုတ်တော့မယ့်အတိုင်း"" ကိုယ်ကအဲ့သဘောမျိုးပြောတာ
မဟုတ်ပါဘူး ... မေအဆင်မပြေမှာဆိုးလို့ "" မေ အဆင်ပြေပါတယ်လို့ ပြောပီးပြီလေ ..
ဖန်ဆင်းကို ကျေးဇူးတင်တယ်သက်လား ဟင်း.."" ရပါတယ် ... မမေလင်းမြတ်လဲ
နားတော့လေ နောက်ကျနေပြီ ...ဖိုးလုံး
အခန်းလွတ်ကို မမေလင်းမြတ် နေဖို့ရှင်းပေးပြီး
နေရာချပေးလိုက် "" ဟုတ်ကဲ့အကိုလေး "
ဇ တစ်ခွန်းမှမပြောပဲ အခန်းထဲဝင်သွားသည်။
မေလင်းမြတ်အခန်းထဲ ဝင်သွားမှ ကိုယ့်အခန်းကိုယ်ပြန်လာကာ အိပ်ယာပေါ်ဝင်လှဲလိုက်သည် ။