Ep.5

16.7K 1.1K 48
                                    





" အ​ကြောင်းပြချက်​သိချင်​တယ်​ .. ကျ​နော့်​ကို
သ​ဘောကျမိလို့​တော့ မ​ပြောနဲ့​နော်​ ခင်​ဗျားဒီကို
ရောက်​တာ ရက်​ပိုင်းပဲရှိ​သေးသလို ..ကျ​နော်​နဲ့
အဆင်​​ပြေတာမှ မဟုတ်​ပဲ "

" ဒီတိုင်း အ​ကြောင်းပြချက်​မရှိတာ ဆိုရင်​​ရော "

"ကျ​နော်​ ခင်​ဗျားကို လက်​မထပ်​နိုင်​ဘူး
ကိုသာလွန်းဇ "

" hk .. ဘာလဲ လိင်​တူဖြစ်​​နေလို့လား "

" လိင်​တူဖြစ်​ခြင်း မဖြစ်​ခြင်းက ကျ​နော့်​အတွက်
အ​ရေးမကြီးဘူး .. ဘာလို့ဆို အချစ်​မှာ
လိင်​တူမှ လိင်​ကွဲမှလို့ သက်​မှတ်​ထားလို့မှမရပဲ ..
ကျ​နော်​ ကိုယ်​တိုင်​လဲ ​ယောက်ျားတစ်​​ယောက်​ကို
ချစ်​မိခဲ့​သေးတာပဲ "

" ....."

" ခင်​ဗျားသိမှာပါ .. သူက ကျ​နော့်​အ​ပေါ်
ကြင်​နာတယ်​ မြတ်​နိုးတန်​ဖိုးထားတယ်
သူ့အသက်​ထက်​ ပိုချစ်​တယ်​ "

"မ​ပြောနဲ့ "

" ကျ​နော့်​အတွက်​ သူ့ခန္ဓာကို​တောင်​ ​စ​တေးပြီး
ချစ်​ခဲ့တဲ့သူ ... သူ့ကို ကျ​နော်​ချစ်​တယ်
ခင်​ဗျား​နေရာမှာ သူဆိုရင်​​တောင်​ ကျ​နော်​ ငြင်းမိမယ်
မှာမဟုတ်​ဘူး ဘာလို့ဆို သူ့ကိုကျ​နော်​ချစ်​လို့ "

" တိတ်​စမ်း ... ဘာ ချစ်​လို့ ဟုတ်​လား ..
မင်းပါးစပ်​က ကိုကို့ကို ချစ်​တယ်​လို့ ​ပြောဖို့တန်​လို့လား ဟမ်
သူ ရှိ​နေစဉ်​က မင်းသူ့အချစ်​​တွေကို မြင်​နိုင်​ခဲ့ရင်​..
သူ့ဂရုစိုက်​မှု​တွေကို အ​လေးထား​ပေးခဲ့ရင်​ ..
သူ့အ​ပေါ် ငဲ့ညှာခဲ့ရင်​ ငါ့အကို အခုလိုအဖြစ်​ဆိုးနဲ့
ကြုံရမှာမဟုတ်​ဘူး ... မင်း သူ့ကိုသက်​တာ
မင်းတို့ပဲ သူ့ကို သက်​လိုက်​တာ ... ငါ့အကိုက​တော့
မပြန်​နိုင်​​တော့တဲ့လမ်းကို သွားရပြီး၊ ဟင်း ..မင်းက​တော့
သူ​ပေးခဲ့တဲ့ ဘဝတစ်​ခုနဲ့ ​နေ​ပျော်​​နေတယ်​ "

" အဲ့ဒါက "

" ဘာလဲ သူက​သေတော့မှာမလို့ သူ့နှလုံးကို
ပေးခဲ့တယ်​ ​ပြောမလို့လား .. သူမ​သေဘူး
မင်းကို ကာကွယ်​​ပေးခဲ့ရလို့ ဒဏ်​ရာ​တွေပြင်းတာ​တောင်
သူအသက်​ဆက်​ ရှင်​သန်​နိုင်​ခဲ့​သေးတယ်​ ..
ဒါကို မင်းအ​ဖေက .. မင်းအ​ဖေက ... ​တောက်​!.."

ဖန်​ဆင်းရှင်​ သတို့သားWhere stories live. Discover now