📞
ဆူညံတာမကြိုက်သည့် သူ့အတွက်
ringtone သံသည်
တုန်ခါမှုဖြင့်သာ ပြဆိုသည်။
ရေသုပ်လက်စ ပဝါကိုကုတင်ပေါ် ပစ်တင်ရင်း
မခြောက်သေးတဲ့ခေါင်းကို လက်ထိုးဖွလိုက်သည်။
Screen ပေါ်တွင်ပေါ်နေသော နံပတ်ကို သူမသိပေမယ့် ဘယ်သူဆိုတာ သိနေပြီးသား ။" ကိုကို ....ပြော"
" ဟား ... ညီ
ကိုကိုမှန်း ဘယ်လိုသိလဲ ? "" ညီ့ ဖုန်းကို မြန်မာပြည်က ဆက်တာဆိုလို့
ကိုကိုကလွဲပီး တခြားသူမှ မရှိပဲ "" ဒေါ်လေးမေတို့ မဆက်ဘူးလား "
" ဆက်တယ် .. နားညီးမခံနိုင်လို့
Noပြောင်းလိုက်တာ ညီ့ ph no
ကကိုကိုတစ်ယောက်ပဲသိတာ "" ha .. ဟုတ်ပါပြီကွာ ... ဘယ်လိုလဲ
အဆင်ပြေရဲ့လား "" ပြေပါတယ် ကိုကိုရော နေကောင်းလား
အလုပ်တွေရောအဆင်ပြေလား "" မပြေဘူး အလုပ်တွေရှုပ်လို့ အရမ်း
ပင်ပန်းနေပြီ .. ခင်ဗျားလေးကျုပ်ကို
အလုပ်တွေကူသင့်နေပြီလို့မထင်ဘူးလား ဟမ် "" ကိုကို တစ်ယောက်လုံး
ရှိတာပဲဗျာ .. ကိုကိုကတော်ပြီးသားပါ
လုပ်နိုင်ပါတယ် ဟုတ်တယ်မှတ်လား "" ဒါပေမယ့် .. ဒါတွေက မင်းနဲ့လည်း
သက်ဆိုင်တယ်လေ ညီ .. အခုကိုကို တာဝန်ယူ
ထားရပေမယ့် .. အမွေတွေက "" ကျနော်မလိုချင်ဘူး "
" ညီ "
" လိုလဲမလိုအပ်ဘူး.. . ကိုကိုလဲ
တဖြေးဖြေး ဒေါ်လေးမေ အတိုင်းပဲ ..
အဲ့ကိစ္စတွေပဲပြောမယ်ဆို .. ကျနော်နားမထောင်ချင်တော့ဘူးဗျာ "တိတ်ဆိတ်သွားပေမယ့် ဇ ဖုန်းချလိုက်မှာမဟုတ်မှန်း သူသိသည် ။
သာလွန်းဇ ... ကျနော့်ရဲ့အဖေတူအမေကွဲညီ ...။ဇ ကမာနကြီးတယ် ၊ အတေးအမှတ်လဲကြီးတယ်
မှတ်မိသေးတယ် ဇ ကို ဖေဖေအိမ်ခေါ်လာတဲ့နေ့တုန်းက မေမေနဲ့ဖေဖေ စကားများကြတာ ။
ဖေဖေက ဇ အမေအပေါ် မှားခဲ့မိလို့ တာဝန်ယူ
လက်ထပ်ခဲ့ပြီး အိမ်တစ်လုံးနဲ့သီးသန့်ထားပေးခဲ့တယ် ။
ဇ အမေက အစကဖေဖေ့ကို အိမ်ထောင်ရှိမှန်းမသိခဲ့ဘူး ဖေဖေကလဲမပြောပြခဲ့ဘူး ...ဘာလို့ဆို
ဇရဲ့အမေကိုတစ်ကယ်ချစ်မိသွားခဲ့လို့တဲ့
မာနသိပ်ကြီးတဲ့ဇရဲ့မေမေက
သူမှာအိမ်ထောင်ရှိမှန်းသိရင် ချက်ချင်းကွာရှင်းမှာကြောက်ခဲ့တယ်တဲ့ ဒါပေမယ့် ဇကိုမွေးပြီးချိန်မှာတော့ ဖေဖေ့မှာ
အရင်အိမ်ထောင်နဲ့ သားတစ်ယောက်ရှိမှန်းသိသွားပြီး ဖေဖေ့ကို အတင်းကွာရှင်းခဲ့တယ်
နောက်ဆုံးသူဆုံးပါးခါနီးကြမှ ဖေဖေ့ကိုပြန်ဆက်သွယ်ပြီး ဇကို စောင့်ရှောက်ခိုင်းခဲ့တာတဲ့ ။
မေမေက မိဘတွေသဘောတူလို့ ဖေဖေ့ကိုယူခဲ့ရတာမို့ ဂရုမစိုက်သလို နေချင်ရာနေ သွားချင်ရာသွား လုပ်နေခဲ့ပေမယ့် သူမကို အသိမပေးပဲ ခုမှငါ့သားဆိုပြီး ခေါ်တင်လာရမလားဆိုပြီး ရန်ဖြစ်ကြတာ ။