Ep.6

16.8K 1.2K 39
                                    

နိုးထလာတဲ့ မနက်​ခင်းမှာ ကျ​နော့်​တစ်​ကိုယ်​လုံး နာကျင်​​နေတယ်​ ၊ အဆိုးရွားဆုံးက​တော့ ခန္ဓာကိုယ်​ ​အောက်​ပိုင်း​တွေ၊ နာကျင်​လွန်းလို့ လှုပ်​ရှားမရနိုင်​​လောက်​​အောင်​ပဲ ။
သူက​တော့ ​ဘေးမှာ အဝတ်​အစားမရှိသည့်​ကိုယ်​နဲ့ ၊
စောင်​ကို ခါးနားထိ ​လျော့ရိ​လျော့ရဲ ခြုံထားကာ အိပ်​စက်​​နေတုန်း ၊ မည်းနက်​ ​ဖြောင့်​တန်းသည့်​ မျက်​ခုံးထူထူ​အောက်​မှ စူးရှရန်​လို​သော မျက်​ဝန်းနက်​နက်​​တွေကို ဖုံးပိတ်​ထားသည့်​ ​မျက်​ခွံမို့မို့များမှာ တိုစိပ်​စိပ်​မျက်​​တောင်​များနဲ့
အနားသတ်​ထားတာမို့ တမျိုးကြည့်​​ကောင်း​နေတာအမှန်​။
နှာတံ ချွန်​ချွန်​ အနားသတ်​မျဉ်းများထင်း​နေ​သော ပိရိ​သေသပ်​ပြီး ခပ်​ရဲရဲဖြစ်​​နေ​သော နှုတ်​ခမ်းတစ်​စုံ ၊ အဆီပိုမရှိ ပြည့်​စုံ​နေ​သော ကြွတ်​သား​တွေနဲ့ ခန္ဓာကိုယ်​က အကာကွယ်​မဲ့​သော
ခြုံ​စောင်​အထက်​မှာ ကြည့်​​ကောင်းလွန်း​နေသည်​။
ဤသို့ ပြည့်​စုံ​သော ​ယောက်ျားတစ်​​ယောက်​ဖြစ်​​နေခဲ့ပါလျှက်
ဘာ​ကြောင့်​များ အမုန်းတရား​တွေနဲ့ ပြည့်​နှက်​​နေရတာလဲ ။
တကယ်​လို့ ကျ​နော်​တို့ကြားမှာ အမုန်းတရား​တွေမရှိခဲ့ရင်
ခင်​ဗျားနဲ့ကျ​နော်​ ရန်​ဘက်​​တွေဖြစ်​​နေခဲ့မှာ မဟုတ်​ဘူး ဇ ။
ခု​တော့ ။



" မင်း ကိုယိ့ကို ​ငေး​နေမယ့်​အစား ကိုယ့်​အတွက်
မနက်​စာ သွားပြင်​သင့်​တယ်​ "

" ဘာ ... မင်းဘာသာ စားချင်​ ကိုယ့်​ဘာကိုယ်
ထပြင်​​လေ ဘာကိစ္စ ငါကပြင်​​ပေးရမှာလဲ "

" မင်း ငါ့ကို ဘယ်​လို ​ခေါ်လိုက်​တယ်​ "

" ကြားတဲ့အတိုင်းပဲ .. မင်းက ငါ့အလုပ်​ရှင်​မှ
မဟုတ်​​တော့ပဲ ... ပီး​တော့ မင်းနဲ့ငါအသက်
အတူတူပဲ အဲ့​တော့ ရို​သေ​နေဖို့မလို​တော့ဘူး ထင်​တယ်​"

" hk .. ok ​လေ သိပ်​​တော့
မထူးဆန်းပါဘူး ... ဒါ​ပေမယ့်​ မင်းငါ့ကို
မနက်​စာ ပြင်​​ပေးရမယ်​ "

" ဘာလို့ ပြင်​​ပေးရမှာလဲ ..
မ​ပြင်​​ပေးနိုင်​ဘူး .. "

" မင်းကိုယ်​မင်း ​မေ့​နေတာလား ဖန်​ဆင်း
မင်းကို ငါလက်​ထပ်​ထားတာ​နော်​ ...
မနက်​စာမှမဟုတ်​ဘူး မင်းငါ့ရဲ့​ဝေယျာဝစ္စ​တွေ
အကုန်​လုပ်​​ပေးရမှာ "

ဖန်​ဆင်းရှင်​ သတို့သားDonde viven las historias. Descúbrelo ahora