တွေ့သမျှ အဝတ်အစားတွေကောက်ထည့်နေပေမယ့် ဘာတွေမှန်း ရေရေရာရာမသိ ၊ ဖိသုပ်ပစ်နေပေမယ့် အဆက်မပြတ် ပြည့်ဝိုင်းလာတဲ့ မျက်ရည်တွေက အမြင်အာရုံကို
ဝေဝါးအောင် ဒုက္ခပေးနေသည်။
ဘာကြောင့်လဲ လုပ်ရက်တယ်ဟု အကြိမ်ကြိမ်ရေရွတ်နေမိရင်း နားကြည်းနိုင်အောင်ကြိုးစားနေပေမယ့်လဲ
နာကျင်မြဲ နာကျင်နေတဲ့ ရင်ထဲကဝေဒနာက ဆိုးဝါးလွန်းသည်။" အဲ့ဒါ ဘာလုပ်နေတာလဲ "
နောက်ကအသံကြားတာနဲ့ မျက်ရည်တွေကို ဖိသုပ်ပစ်လိုက်သည်။
" ဖန်ဆင်း ငါမေးနေတယ်လေ အဲ့ဒါ
ဘာလုပ်နေတာလဲ "" မြင်တဲ့အတိုင်းပဲ ဇ.. ငါမင်းနဲ့မနေနိုင်တော့ဘူး "
" ဘာ ... ဘာပြောတယ်
မင်းရူးနေတာလား ဖန်ဆင်း .. မင်းကိုငါ
လွယ်လွယ်ကူကူ ကွာပေးမယ်ထင်လား "" အဟွင်း ... ဘာလို့လဲ
နှိပ်ဆက်ရတာ မလုံလောက်သေးလို့လား ..
ဘာဖြစ်စေချင်သေးလို့လဲ ဘာထပ်လုပ်ပေးရအုံးမလဲ...
ဘာလဲ မင်းအကိုအတွက် ငါသေပေးရမှာလား "" မင်း .... ကျစ် ... အဓိပ္ပါယ်မရှိတာတွေ
တော်တော့ ဖန်ဆင်း ... မင်းပစ္စည်းတွေအခုသိမ်းလိုက်
ငါမင်းကိုကွာရှင်းမပေးနိုင်ဘူး "" မင်းတို့အတွက် အမှိုက်တစ်စလို ဖြစ်နေတဲ့
ငါ့ကို ဘာလို့ တွယ်ကပ်နေစေချင်သေးတာလဲ ဇ...
တော်ပါတော့ ...ငါအရမ်းနာကျင်လွန်းနေပြီ ...
မင်းဘဝ သာယာဖို့ ဖန်တီးတာကို ငါအပြစ်မပြောဘူး..
ဒါပေမယ့် ဒါကိုထိုင်ကြည့်ပြီး နာကျင်နေရအောင်တော့မလုပ်ပါနဲ့ ... "" မင်း ဘာတွေပြောနေတာလဲ.. . ငါက ဘာကို "
" မသိတာလား ... မသိချင်ယောင်ဆောင်တာလား...
မင်းပြောဖူးတယ်နော် မင်းနောက်ကွယ်မှာ
ငါဖောက်ပြန်နေတယ်လို့ ... ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ
ငါမဖောက်ပြားခဲ့ဘူး ... ငါနာကျင်ပေမယ့်
မင်းစီက ရုန်းထွက်ဖို့မကြိုးစားခဲ့ဖူးဘူး ... မင်းထားသလိုနေခဲ့တယ် ... မင်းပြောသမျှ မင်းခိုင်းသမျှ နာခံပေးခဲ့တယ် ...သည်းခံနိုင်တယ်ဆိုတာ
အတိုင်းအတာရှိတယ် ဇ... ဒီနေ့ ငါမင်းအပေါ်
သည်းခံနိုင်တာတွေ ကုန်ဆုံးသွားပြီ ....
ငါမင်းပြောသလို ဘယ်တုန်းကမှ မဖောက်ပြန်ခဲ့ပေမယ့်
မင်းကတော့ ...... "