" ဟူး "
တိတ်ဆိတ်နေတဲ့ ညည့်ယံမှာ သက်ပြင်းချသံသဲ့သဲ့က ကျယ်လောင်လွန်းတယ်ဟုထင်ရသည်။ နာရီကြည့်တော့ ၁နာရီ
စွန်းနေပြီ ။
သူ ဘာကြောင့်အိပ်မရတာလဲ ၊ အိပ်ယာပြောင်းလို့များလား။
ဒါလဲ ဟုတ်မယ်မထင် ၊ ဆိုဖာကြောင့်ဟု ဆိုရအောင်လဲ
နိုင်ငံခြားမှာနေစဉ်က ဖြစ်သလိုအိပ်တတ်တာမှာ သူငယ်ချင်းတွေကြား ဆရာဟုပင်ခေါ်ရလောက်သူ ၊ ကြုံ ကြုံတဲ့နေရာမှာ
ခေါင်းချလိုက်ယုံနဲ့ သူ့အိပ်ယာဖြစ်ခဲ့တာတွေမှအများကြီး ၊
အတန်းထဲက စားရေးခုံ ၊ စာကြည့်တိုက်ထဲက ချောင်ကျကျနေရာတွေ ၊ တစ်ခါတစ်လေ ဆိုင်ကယ်တစ်စီးနဲ့ ပြိုင်ပွဲတွေနောက် လိုက်နေပြီဆို ထိုဆိုင်ကယ်ကပဲ သူ့အတွက်အိပ်ယာခင်း ၊ လမ်းရှင်းတဲ့နေရာရပ် ဆိုင်ကယ်ပေါ်ပတ်လက်လှန်
လှဲ လက်ပိုက်ပြီးမျက်လုံးမှိတ်လိုက်ယုံနဲ့ အိပ်စက်ခြင်းသို့ရောက်သည် ၊ ခုမှ ။
ရှိုက်သံတိတ်ဆိတ်သွားပြီဖြစ်တဲ့ အခန်းဖက်ငဲ့ကြည့်မိတော့
ငါမှားခဲ့လားဆိုတဲ့ အတွေးကဝင်လာပြန်သည်။
စတင်ခဲ့ကတည်းက မင်းကို ကိုကို့လိုခံစားစေချင်ခဲ့တာ ၊
နာကျင်စေချင်တယ် ၊ ပြုံးနေရင်တောင် ငါ့အကိုကျခံစားခဲ့ရတာ မင်းလဲမပျော်ရွှင်စေရဘူးလို့ တွေးခဲ့တယ်၊ ခု ငါဖြစ်စေချင်သလို မင်းနာကျင်နေရပြီ ။
ငိုကြွေးနေရပြီ ဒါပေမယ့် ငါဘာလို့မပျော်တာလဲ ။
ဘာလို့ မင်းမျက်ရည်တွေကို မကြည့်ရက်နိုင်ရတာလဲ ။
ဟူး ... မင်းငါ့ကို ဝေခွဲရခက်အောင်လုပ်နေပါလား
ဖန်ဆင်းရာ ။တခါးလက်ကိုင်ကို ဖြေးညှင်းစွာ ဖွင့်တော့ လော့ချမထားပေ။
ဘယ်ချထားမလဲ သူရစ်တာထပ်ခံရမှာဆိုးလို့နေမှာ ။
ကိုယ်ဘာသာ သူ့မျက်ရည်တွေမကြည့်ချင်တာနဲ့ အဝတ်အစားတောင် ဝင်မလဲပဲ ဆိုဖာမှာပဲ အိပ်ဖို့လုပ်နေမိတာ ။
ဒါပေမယ့် အိပ်လို့ကမရ တစ်ခုခုလိုအပ်နေသလို ဟာတာတာ
ကြီးဖြစ်နေတာက ဆိုးလွန်းတယ်၊ ကြိုးစားပြီးကြိတ်မှိတ်အိပ်နေလဲမရဘူး ။