Part 1

2.8K 95 4
                                    

"Shit!!!!!"

နေပူပူကိုမော့ကြည့်ပြီး
Basတစ်ယောက်
ခပ်တိုးတိုးရေရွတ်လိုက်မိသည်.....

"ဟူးးးးး!!!
ဒီလောက်ပူတဲ့နေရာမှာ
ဘယ်သူတွေက
ဘယ်လိုများနေကြသလဲမသိဘူးးး...
စိတ်လေပါတယ်..."

Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်...

Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး
ဘွဲ့ရပြီးဘာအလုပ်မျှမရှိ...
မိဘများကချမ်းသာသောကြောင့်လူပေါ်ကျော့နေသည်...
ရုပ်ရည်အချောကြီးမဟုတ်ပေမယ့်အမေ့စီမှအမွေရထားသောမျက်လုံးဝိုင်းဝိုင်း,အသားဖြူဖြူလေးဖြင့်ကြည့်ပျော်ရှုဖွယ်ရှိသည်...

ယခုမွေးဖခင်ကျေးဇူးရှင်ကြီးက
ဘာအလုပ်မှမည်မည်ရရမလုပ်သဖြင့်Bangkok
သို့လွှတ်လိုက်ခြင်းဖြစ်သည်...
မွေးဖခင်အားငြင်းဆန်ကဆန္ဒပြသော်လည်း
မရသည့်အဆုံးBangkokတွင်သူငယ်ချင်းများနှင့်
Cafeဖွင့်ပေးရန်တောင်းဆိုကာ
သဘောတူညီချက်ဖြင့်ရောက်လာခြင်းဖြစ်သည်...

Taxiကိုတား၍မွေးဖခင်ဝယ်ပေးထားသော
တိုက်ခန်းကိုလာခဲ့လေသည်...
ငယ်ငယ်ကတည်းကBangkokကိုလာနေကြဖြစ်သော
Basအတွက်မစိမ်းလှသော်လည်း
အရမ်းလည်းမကျွမ်းကျင်ပေ...

တိုက်ခန်းသို့ရောက်သောအခါ
အိမ်လောက်မကျယ်သော်လည်း
အိပ်ခန်းတစ်ခန်း,ဝင်ဝင်ချင်းတွင်ဧည့်ခန်းရှိပြီး
အနောက်ဘက်တွင်မီးဖိုချောင်နှင်းထမင်းစားပွဲရှိကာ
တစ်ယောက်တည်းနေမည့်သူအတွက်တော့
အဆင်ပြေလှသည်...ပစ္စည်းများနေရာချပြီးးး

"ဟူးးး!!!!!!
အခုမှပင်ပန်းတယ်ဆိုတဲ့စကားကိုနားလည်တော့တယ်
မွေးဖခင်ကျေးဇူးရှင်ကလည်း
ဒီသားလေးတစ်ယောက်တည်းရှိတာတင်ကျွေးထားတော့
သူ့စည်းစိမ်ပြုတ်တာလည်းမဟုတ်ဘဲနဲ့..."

Basတစ်ယောက်တည်းညည်းညူရင်းးး
Copter,Teeနဲ့Kristကိုဖုန်းဆက်ရန်သတိရသွားသည်...

"ဟိုကောင်တွေစီphဆက်ရဦးမှာပဲ..."

Copter,Teeနဲ့Kristသည်Basနှင့်uniအတူတူတက်ရင်း
ရင်းနှီးခဲ့ကြသူများဖြစ်သည်...
စိတ်တူကိုယ်တူဖြစ်၍သူတို့လေးယောက်သာတွဲဖြစ်ကြသည်...
ဘယ်သူနှင့်မှစကားမပြောသလို
ဘယ်သူ့ကိုမှလည်းအဖတ်မလုပ်...
လေးယောက်တွေ့လျှင်မျောက်များပင်မျက်စိနောက်ရသည်အထိ
စပ်စလူးစိန်များဖြစ်ကြသည်...
လေးယောက်လုံးသူဌေးသားလေးများဖြစ်၍
လူပေါ်ကျော့လေးများဖြစ်ကြသည်.....

ချစ်သည်ထက်ပို၍Where stories live. Discover now