"ဟာာာာ.....Bas
အစောကြီးတွေနိုးလို့ပါလား???"တစ်ခါမှအစောကြီးမထဖူးသော
Basတစ်ယောက်
ဒီနေ့အစောကြီးနိုးနေ၍
Copterအံ့ဩကာ
မေးလိုက်ခြင်းဖြစ်သည်..."ဩော်.....
ဒီနေ့သင်တန်းစောစော
သွားရမှာမို့ပါ.....""အာာာာာ...
အာ့ဆိုKristကော???"အမှန်တော့...
ညကBasကို
Godဖုန်းဆက်ပြီးး
မနက်ကျရင်
Breakfastအတူတူစားရန်
ချိန်းထားသောာကြောင့်
နိုးနေခြင်းဖြစ်သည်...ထိုအကြောင်းကို
လဒသုံးကောင်အား
မသိစေချင်သောကြောင့်
လိမ်ပြောနေခြင်းဖြစ်သည်....."ဩော်...Kristလား???"
"အေးလေ.....
မင်းနဲ့သူကအတူတူသွားနေကြလေ...""အာ.....သူကလား???
သူက.....
ဩော်နောက်မှလိုက်လာမှာတဲ့
အဲ့...အဲ့ဒါကြောင့်..."Basတစ်ယောက်
စကားတွေအထစ်ထစ်အငေါ့ငေါ့
ဖြစ်နေသောကြောင့်
Copterမသင်္ကာသောပုံစံဖြင့်
ကြည့်လိုက်သောအခါ..."ဘာလို့အဲ့လိုကြီး
လာကြည့်နေတာလဲ???
သေတော့မှာပဲ...
မင်းကကော
ဘယ်သွားမလို့လဲ???""ငါကဆိုင်သွားမလို့ပေါ့ကွ..."
"အမ်...ဆိုင်???
ဆိုင်ကဒီနေ့မနက်ပိုင်းက
Tee dutyလေ...""ဩော်......
အဲ့ဒါက....."အမှန်တော့.....
Copterလည်း
ဒီနေ့Kimmon
အလုပ်မသွားခင်breakfastကို
Cafeတွင်စားမည်
ပြောသောကြောင့်
Teeကိုညကလိမ်ပြောကာ
Dutyလဲထားခြင်းဖြစ်သည်...Basမေးသောမေးခွန်းကြောင့်
Copterအကြပ်ရိုက်သွားသည်...
Basကတော့
ဆက်ပြောလေပုံစံဖြင့်
လက်လေးပိုက်ကာ
မေးဆတ်ပြလေသည်..."ဩော်.....
Teeညကအိပ်ရေးပျက်လို့တဲ့
အဲ့ဒါကြောင့်dutyလဲလိုက်တာကွာ...""အာာာ...အဲ့လိုလား???
ဩော်..........."Basကမယုံသောပုံဖြင့်
မဲ့ရွဲ့ကာပြောနေလေသည်...
Copterလည်း
Basစကားဆက်အစ်လျှင်
အကုန်ပေါ်ကုန်မည်စိုးသောကြောင့်
စကားစအမြန်ဖြတ်ကာ
ဆိုင်သို့ပြေးတော့သည်....."ဟုတ်ပါတယ်ဆိုကွာ...
ငါသွားတော့မယ်...
နောက်ကျနေပြီ..."Copterထွက်သွားတော့
Basကတော့ခေါင်းလေးခါကာ
ရေချိုးခန်းထဲဝင်သွားလေသည်...
YOU ARE READING
ချစ်သည်ထက်ပို၍
Fanfiction"Shit!!!!!" နေပူပူကိုမော့ကြည့်ပြီး Basတစ်ယောက် ခပ်တိုးတိုးရေရွတ်လိုက်မိသည်..... "ဟူးးးးး!!! ဒီလောက်ပူတဲ့နေရာမှာ ဘယ်သူတွေက ဘယ်လိုများနေကြသလဲမသိဘူးးး... စိတ်လေပါတယ်..." Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်... Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး ဘွဲ့ရပြီးဘာ...