"လူကြီးးး...
ကျွန်တော့်ကို
ရေခဲမုန့်ဝယ်ကျွေး
လူကြီးးး...
ဟိုဟာသွားစီးမယ်...
လူကြီးငှက်သိုက်စားမယ်...
လူကြီးးး
ကျွန်တော်ဗိုက်ဆာတယ်..."Godအလုပ်နား၍
Basနှင့်နှစ်ယောက်တည်း
အပြင်သွားချင်အတင်းခေါ်လာရာ
အနှီကောင်လေးက
ကစားကွင်းသွားမှ
လိုက်မည်ဆို၍.....
ခေါ်လာရာ....
အခုကလေးလိုက်ထိန်း
နေရသည့်အဖြစ်..."မောသွားပြီ.....
ခဏနားမယ်.....""ဩော်.....
မောတတ်သေးတယ်လား???"Godပြောလိုက်တော့...
Basမျက်စောင်းကဒိုင်းခနဲ...
သူတို့ထိုင်နေသော
နေရာတွင်ကလေးမလေး
တစ်ယောက်နှင်းဆီပန်း
လှမ်းခူးနေရင်းးး
ဆူးဆူးသွားသည်ထင်သည်...
ငိုကာနှင်းဆီပန်းပင်လေးကို
ကြည့်နေလေသည်..."ဟိတ်လူကြီးးး...
ကျွန်တော့်ကိုလေ...
ဟိုနားကနှင်းဆီပန်းလေး
ခူးပေးပါလား???""ဟာ.....Babyရယ်...
နှင်းဆီပန်းကြီးက
ဘာလုပ်ဖို့လဲ???
Babyနဲ့ဘာဆိုင်လို့လဲ???""ဟာာာ.....
မသိဘူးးးလိုချင်လို့...
ခူးပေးမှာလား???
မခူးပေးဘူးလား???""ဟုတ်ပါပြီ.....
ဘယ်အပင်ကခူးပေးရမှာလား???""ဩော်.....
နှင်းဆီပန်းခူးခိုင်းပါတယ်ဆို
နှင်းဆီပင်ကမခူးလို့
ဘယ်ကခူးချင်လို့လဲ???
ဒုက္ခပါပဲ.....""Babyရယ်.....
ကိုပြောတာအဲ့ဒါမဟုတ်ဘူး...
နှင်းဆီအနီအပင်ကလား???
အဝါပင်ကလား???
မေးတာ.....""ဩော်...အဲ့လိုလား???
ဟီးးးသိဘူးလေ...
အဖြူပင်ကခူးးးပေးးး...""အင်းးးအင်းးးပြီးရော..."
"ရော့.....
ရပြီ....."Basနှင်းဆီပန်းကိုရလျှင်
Godဘေးက
ပြေးထွက်သွားလေသည်..."Baby...
ဘယ်သွားမို့လဲ???""ခဏလေးပြန်လာခဲ့မယ်..."
God Basကိုကြည့်ရင်း
ကျန်ခဲ့လေသည်.....Basနှင်းဆီပန်းလေးကိုင်ကာ
ကလေးမလေးအရှေ့တွင်
ရပ်လိုက်ပြီး....."ကလေးမလေးးး..."
Basခေါ်လိုက်တော့...
ကလေးမလေးက
မော့ကြည့်လေသည်...
YOU ARE READING
ချစ်သည်ထက်ပို၍
Fanfiction"Shit!!!!!" နေပူပူကိုမော့ကြည့်ပြီး Basတစ်ယောက် ခပ်တိုးတိုးရေရွတ်လိုက်မိသည်..... "ဟူးးးးး!!! ဒီလောက်ပူတဲ့နေရာမှာ ဘယ်သူတွေက ဘယ်လိုများနေကြသလဲမသိဘူးးး... စိတ်လေပါတယ်..." Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်... Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး ဘွဲ့ရပြီးဘာ...