"Shit!!!!!"
နေပူပူကိုမော့ကြည့်ပြီး
Basတစ်ယောက်
ခပ်တိုးတိုးရေရွတ်လိုက်မိသည်....."ဟူးးးးး!!!
ဒီလောက်ပူတဲ့နေရာမှာ
ဘယ်သူတွေက
ဘယ်လိုများနေကြသလဲမသိဘူးးး...
စိတ်လေပါတယ်..."Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်...
Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး
ဘွဲ့ရပြီးဘာအလုပ်မျှမရှိ...
မိဘများကချမ်းသာသောကြောင့်လူပေါ်ကျော့နေသည်...
ရုပ်ရည်အချောကြီးမဟုတ်ပေမယ့်အမေ့စီမှအမွေရထားသောမျက်လုံးဝိုင်းဝိုင်း,အသားဖြူဖြူလေးဖြင့်ကြည့်ပျော်ရှုဖွယ်ရှိသည်...ယခုမွေးဖခင်ကျေးဇူးရှင်ကြီးက
ဘာအလုပ်မှမည်မည်ရရမလုပ်သဖြင့်Bangkok
သို့လွှတ်လိုက်ခြင်းဖြစ်သည်...
မွေးဖခင်အားငြင်းဆန်ကဆန္ဒပြသော်လည်း
မရသည့်အဆုံးBangkokတွင်သူငယ်ချင်းများနှင့်
Cafeဖွင့်ပေးရန်တောင်းဆိုကာ
သဘောတူညီချက်ဖြင့်ရောက်လာခြင်းဖြစ်သည်...Taxiကိုတား၍မွေးဖခင်ဝယ်ပေးထားသော
တိုက်ခန်းကိုလာခဲ့လေသည်...
ငယ်ငယ်ကတည်းကBangkokကိုလာနေကြဖြစ်သော
Basအတွက်မစိမ်းလှသော်လည်း
အရမ်းလည်းမကျွမ်းကျင်ပေ...တိုက်ခန်းသို့ရောက်သောအခါ
အိမ်လောက်မကျယ်သော်လည်း
အိပ်ခန်းတစ်ခန်း,ဝင်ဝင်ချင်းတွင်ဧည့်ခန်းရှိပြီး
အနောက်ဘက်တွင်မီးဖိုချောင်နှင်းထမင်းစားပွဲရှိကာ
တစ်ယောက်တည်းနေမည့်သူအတွက်တော့
အဆင်ပြေလှသည်...ပစ္စည်းများနေရာချပြီးးး"ဟူးးး!!!!!!
အခုမှပင်ပန်းတယ်ဆိုတဲ့စကားကိုနားလည်တော့တယ်
မွေးဖခင်ကျေးဇူးရှင်ကလည်း
ဒီသားလေးတစ်ယောက်တည်းရှိတာတင်ကျွေးထားတော့
သူ့စည်းစိမ်ပြုတ်တာလည်းမဟုတ်ဘဲနဲ့..."Basတစ်ယောက်တည်းညည်းညူရင်းးး
Copter,Teeနဲ့Kristကိုဖုန်းဆက်ရန်သတိရသွားသည်..."ဟိုကောင်တွေစီphဆက်ရဦးမှာပဲ..."
Copter,Teeနဲ့Kristသည်Basနှင့်uniအတူတူတက်ရင်း
ရင်းနှီးခဲ့ကြသူများဖြစ်သည်...
စိတ်တူကိုယ်တူဖြစ်၍သူတို့လေးယောက်သာတွဲဖြစ်ကြသည်...
ဘယ်သူနှင့်မှစကားမပြောသလို
ဘယ်သူ့ကိုမှလည်းအဖတ်မလုပ်...
လေးယောက်တွေ့လျှင်မျောက်များပင်မျက်စိနောက်ရသည်အထိ
စပ်စလူးစိန်များဖြစ်ကြသည်...
လေးယောက်လုံးသူဌေးသားလေးများဖြစ်၍
လူပေါ်ကျော့လေးများဖြစ်ကြသည်.....
YOU ARE READING
ချစ်သည်ထက်ပို၍
Fanfiction"Shit!!!!!" နေပူပူကိုမော့ကြည့်ပြီး Basတစ်ယောက် ခပ်တိုးတိုးရေရွတ်လိုက်မိသည်..... "ဟူးးးးး!!! ဒီလောက်ပူတဲ့နေရာမှာ ဘယ်သူတွေက ဘယ်လိုများနေကြသလဲမသိဘူးးး... စိတ်လေပါတယ်..." Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်... Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး ဘွဲ့ရပြီးဘာ...