S2 Part 2

596 31 0
                                    

"Kitအဲ့ဒါကြီးက
မထည့်ရသေးဘူးလေ...
ဆားကအဲ့လောက်အများကြီး
ထည့်တော့ငန်ကုန်မှာပေါ့...
ဟာာ!!!!!
ဆီတွေများကုန်ပြီလေ..."

Godတို့အိမ်တွင်
ထမင်းချက်စားကြရာ...
Singtoလက်ရာကောင်းသည်ကို
အားလုံးကဝိုင်းထောက်ခံကြ၍
Singtoချက်ပြုတ်နေသည်ကို
Kristကူညီမည်ဆိုကာ
ဘေးမှာတစ်မျိုးပြီးတစ်မျိုး
လုပ်နေသည်ကို
Singtoပါးစပ်မစိရဘဲ
လိုက်ပြောနေရခြင်းဖြစ်သည်...

"Kitရယ်...
အပြင်ကဘဲစောင့်နေပါလား???
ကိုပြီးရင်ပြောမယ်လေနော်..."

"ကိုကလည်းးး...
Kitလည်းနည်းနည်းပါးပါး
ဝိုင်းကူလုပ်ပေးချင်လို့ဟာကို..."

"ဟုတ်တော့
ဟုတ်ပါတယ်...Kitရယ်...
ဒါပေမယ့်...
Kitကလုပ်နေတာ
အချိန်ပိုကြာလို့ပါ..."

"ကိုပြောချင်တာ...
Kitကလိုက်ရှုပ်နေတာလို့
ပြောချင်တာပေါ့လေ..."

Krist Singtoဘက်လှည့်ကာ
လက်ပိုက်ကာ
နှုတ်ခမ်းလေးထော်ပြောပြီး
Singtoကိုကျောခိုင်းလိုက်လေသည်...

"မဟုတ်ဘူးးးလေ...Kitရာ...
ဒီလိုလေကွာာ...
ဘယ်လိုပြောရမလဲ???"

Singto Kristကို
မည်သို့မည်ပုံချော့ရမည်
မသိချိန်တွင်...
Basအနောက်သို့
ရောက်လာကာ...

"P'Singဘယ်လိုမှပြောမနေနဲ့...
သူပြောတာအမှန်ပဲလို့သာ
ပြောလိုက်....."

Basစကားကြောင့်
Kristတစ်ယောက်.....

"Yahhhh!!!
လဒကောင်
မင်းပါးစပ်ပိတ်ထား...
ငါမင်းကိုမမေးဘူးးး....."

"မမေးပေမယ့်.....
ဝင်ပြောမှဖြစ်တော့မယ်...
မင်းလုပ်နေတာအကုန်
ညစာငတ်တော့မယ်...ဝက်စုတ်ရဲ့..."

Basစကားကြောင့်
Kristစိတ်ဆိုးနေရာမှ
ခွက်ထိုးခွက်လှန်
ထရယ်တော့သည်...

"ဟားးးးး...ဟားးးးး...ဟားးးးး...
မင်းကများငါ့ကိုဝက်
မင်းခန္ဓာကိုယ်နဲ့ငါ့ခန္ဓာကိုယ်
ယှဉ်ကြည့်ဦးးးးး...
ကြိုက်တဲ့လူသွားမေးကြည့်
ဘယ်သူပိုဝလဲ???
အသိသာကြီးးး....."

Krist Basကို
ပြောရင်းမျက်စောင်းက
ထိုးလိုက်သေးသည်.....

"ဘာမှပြောမနေနဲ့...
မင်းအခုမီးဖိုချောင်ကထွက်
မထွက်ရင်ငါတို့ညစာငတ်လိမ့်မယ်..."

ချစ်သည်ထက်ပို၍Where stories live. Discover now