"Bas.....
ထမင်းစားမယ်လေ...
အပြင်မှာအေးနေပြီ...
အထဲဝင်တော့...""................"
Copterပြောနေသော်လည်း
Basစီကreplyပြန်မရဘဲ
ဝရန်တာတွင်
ထိုင်မြဲအတိုင်းထိုင်ကာ
အပြင်ကိုသာ
ကြည့်နေလေသည်...
Copterလည်း
ခေါင်းခါပြီးBasနား
လျှောက်သွားကာ....."Basထမင်းစားကြမယ်လေကွာ..."
"............"
Basစီမှreplyပြန်မလာ၍
Basပခုံးလေးကိုပုတ်လိုက်ကာ..."Bas.....
ထမင်းစားကြမယ်လို့.....""ငါမစားချင်ဘူးကွာ..."
"လာပါBasရာ...
နည်းနည်းလေးတော့စားလိုက်ပါ...""ငါစားချင်စိတ်တကယ်မရှိလို့ပါ..."
Basအပြင်ကိုသာကြည့်ပြီး
Copterကိုငြင်းနေလေသည်..."Basရာ...
မင်းအစာမစားရင်
မင်းလဲသွားမှာပေါ့...""ဟုတ်တယ်.....
မင်းမနက်ကတည်းက
ဟုတ်တိပတ်တိစားထားတာ
ဘာမှမရှိဘဲနဲ့..."Teeနဲ့Kristရောက်လာပြီး
ဝင်ပြောရတော့သည်..."ငါတယ်မစားချင်တာပါဆိုကွာ..."
"P'Godပြန်လာတဲ့အချိန်
မင်းအိပ်ယာထဲလဲနေတာတွေ့ရင်
သူဘယ်လိုလုပ်စိတ်ကောင်းမှာလဲ???ကွာ..."Teeတို့ပြောမရသည့်အဆုံး
Godနာမည်နှင့်
ကိုင်ပေါက်လိုက်သောအခါ...
Basမျက်ရည်လေးဝဲကာ...
ထိုင်နေရင်Teeခါးကိုဖက်လိုက်ပြီးးး
Teeဗိုက်ကိုမျက်နှာလေးးးအပ်ကာ..."ငါသူ့ကိုအရမ်းလွမ်းတယ်...
ငါသူ့ကိုအရမ်းတွေ့ချင်တယ်...
ငါလေသူပြန်လာရင်
အရင်တုန်းကလိုမဆိုးတော့ပါဘူးးးကွာ...
သူ့စကားလည်းငါအကုန်
နားထောင်မှာပါကွာ..."Basရှိုက်ကြီးတငင်နဲ့
ပြောနေသောကြောင့်
Tee Basခေါင်းလေးပွတ်ကာ..."ငါတို့သိပါတယ်ကွာ...
P'Godလည်းမင်းကို
ဒီလောက်ချစ်တာ
သူပြန်ကိုပြန်လာမှာ...""ငါလေ.....
ဟောဒီလမ်းကြီးမြင်ရင်လည်း
သူငါ့ကိုသင်တန်းသွားဖို့
လာခေါ်တာလေးကိုလွမ်းတယ်...
ငါတို့နှစ်ယောက်ထိုင်နေကြ
လမ်းထိပ်cafeကိုတွေ့ရင်လည်း
သူ့ကိုလွမ်းတယ်...
နေ့ခင်းးးကြရင်လည်းထမင်းအတူတူ
သွားစားခဲ့တာလေးကိုလည်းလွမ်းတယ်...
အခုငါဝတ်ထားတဲ့
အင်္ကျီသူဝယ်ပေးထားတာကို
မြင်ရရင်လည်းလွမ်းတယ်...
ငါသေချင်လာပြီကွာ..."
YOU ARE READING
ချစ်သည်ထက်ပို၍
Fanfiction"Shit!!!!!" နေပူပူကိုမော့ကြည့်ပြီး Basတစ်ယောက် ခပ်တိုးတိုးရေရွတ်လိုက်မိသည်..... "ဟူးးးးး!!! ဒီလောက်ပူတဲ့နေရာမှာ ဘယ်သူတွေက ဘယ်လိုများနေကြသလဲမသိဘူးးး... စိတ်လေပါတယ်..." Basတစ်ယောက်တိုးတိုးလေးရွတ်လိုက်မိသည်... Basသည်တစ်ဦးတည်းသောသားဖြစ်ပြီး ဘွဲ့ရပြီးဘာ...