Part-3

1.9K 216 16
                                        


Unicode

"ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီနော်"

Shopping Center  ထဲ လှည့်ပတ်ကြည့်ရင်းက ကြားလိုက်ရတဲ့ အသံကြောင့် ကိုယ်ရှိန်သတ်ပြီး ဘေးနားရောက်လာသူ ကြည့်မိတော့ ဟိုတလောက Chanyeol ဆေးရုံတွေ့ခဲ့တဲ့ ဒေါက်တာပေါက်စလေး။

ကျနော် ဘာမဖြေမိခင်မှာပဲ သူက ကျနော့်လက်ကိုဆွဲပြီး အနီးနားက အအေးဆိုင်တစ်ဆိုင်ထဲ ဆွဲခေါ်သွားသည်။

ခန့်မှန်းမိသလောက်တော့ Jonginနဲ့ ပတ်သက်သူဆိုတာလောက်သာ သိထားပြီး သူဘယ်သူလဲဆိုတာ ကျနော်သေချာတော့မသိ။

"Ni Ni နဲ့ အရမ်းရင်းနှီးခဲ့တာလား ... ဒါဆို Sehunနဲ့ရော ရင်းနှီးလား... သူတို့က သူငယ်ချင်းတွေဆို"

ရုတ်တရက် Jongdae ပါးစပ်ထဲက အအေးတွေ ပြန်အန်ထွက်လာပြီးသီးသွားသည်

သတိထားမိသလောက် ကျနော့်ပတ်ဝန်းကျင်က Jonginနဲ့ ရင်းနှီးသူတိုင်းက ဒီနာမည်ကြားရင် သိသိသာသာ မျက်နှာပျက်သွားကြသည်။

"ဟိုလေ Kai ... ကိုယ်အားနားစရာတော့ဖြစ်သွားပြီ မေ့နေတာ အခုမှ သတိရတယ် ကိုယ်ဧည့်သည်တစ်ယောက်နဲ့ ချိန်းထားတာ အခုသွားမှ ဖြစ်တော့မယ်"

ချက်ချင်းပဲ ဆင်ခြေပေးပြီးရှောင်ထွက်သွားသည့် Jongdaeကို တားယူဖို့တောင် အချိန်မရလိုက်။

ဘာဖြစ်လို့ Sehun အကြောင်းပြောလိုက်တာနဲ့ ခုနကအထိ အကောင်းကြီးရှိနေသေးတဲ့ Jongdaeက ချက်ချင်းထပြန်သွားတာလဲ

သေချာပေါက် လက်ထပ်ပါ့မယ်လို့ပြောထားတဲ့ Chanyeolကရော ဒီနာမည်လေးဟမိတာနဲ့ လက်မထပ်နိုင်ပါဘူးတွေ ဖြစ်သွားတာလဲ

သူတို့တွေ Sehunကို မုန်းလို့လား

........................................................................

"ကျနော့်ကို ပါပီလေးတစ်ကောင် ဝယ်ပေးပါ့မယ်ဆို"

"ကိုယ်မှမအားသေးတာ"

ပြောရတာလည်း အာပေါက်တော့မယ် Chanyeol ဆိုတဲ့လူကြီးက လူကြီးဖြစ်နေပြီး ကတိလည်းမတည်ဘူး။

"ဒီလိုပဲ ကလေးဆိုပြီး ကိုယ့်ထက်အငယ်ဆိုပြီး ကတိတစ်ခုခုလွယ်လွယ်ပေး မအားဘူးဆိုပြီး မေ့ချင်ယောင်ဆောင်တတ်တာ ခင်ဗျားအကျင့်လား"

Venus Flytrap  ( Book 1 )Where stories live. Discover now