Part-10

1.4K 192 45
                                        


Unicode

အရာအားလုံးက ပြန်စဉ်းစားလိုက်တိုင်း ဘာလို့ အသစ်တွေလိုပဲ ခံစားနေရတာလဲ ဘာလို့ ထပ်နာကျင်နေရတာလဲ။

ဒါတွေက ငါ့ရဲ့အတိတ်လား

Chanyeol ခေါင်းငိုက်စိုက်ကျသွားကာ ဘယ်အရာမှ ထပ်မတွေးမိအောင် အတွေးတွေကို မောင်းထုတ်မိသည်။

မစဉ်းစားနဲ့ Chanyeol

မင်းအတိတ်ကို ထပ်မသွားပါနဲ့

အဲဒီမှာ မင်းအတွက် ကောင်းတဲ့အရာ ဘာမှ မရှိဘူး

တစ်စုံတစ်ယောက် အနားလာပြောနေသယောင်ယောင်

ခေါင်းကိုသာ အဆက်မပြတ်ခါရမ်းပြီး မျက်လုံးကို စုံမှိတ်ထားသည်။

"အား..."

သည်းမခံနိုင်တော့တဲ့အဆုံး တဆစ်ဆစ်ကိုက်ခဲနေတဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ကာ မိုင်ကုန်အော်ဟစ်လိုက်သည်။

ပေါ့ပါးမသွားပဲ ပိုပြီး လေးလံတဲ့အရာတစ်ခု ထမ်းပိုးနေရသယောင် ။

"သားကြီး"

နားထဲ တိုးဝင်လာတဲ့ အသံကြောင့် အသိစိတ်ဝင်လာကာ မျက်လုံးတွေ ဖြေးညှင်းစွာဖွင့်လိုက်သည်။

Chanyeolကို သနားစဖွယ်ကြည့်နေသည့် မျက်ဝန်းတွေ

"Omma"

Chanyeol က အမေဖြစ်သူကို အားကိုးတကြီးခေါ်လိုက်ကာ ငါးနှစ်သားကလေးလို ရင်ခွင်ထဲတိုးဝင်ကာ အားပါးတရရှိုက်ငိုလိုက်သည်။

"သား...ဘာလို့လဲ...သားငယ်ကထပ်ပြီး သားကို နှောင့်ယှက်နေတုန်းပဲလား..."

အခုထိ ဆောက်တည်ရာမရသေးသည့် စိတ်ကြောင့်လား ... Chanyeol တိတ်ဆိတ်သွားသည်။

ပြီးတော့ Omma ရင်ခွင်ထဲက ချက်ချင်းရုန်းထွက်လိုက်ကာ

" ကျနော် လုပ်စရာတွေရှိသေးတယ် "

"သား ပြန်တော့မှာလား"

အဖြေတောင်ပြန်မပေးနိုင်ပဲ ထွက်သွားသည့် သားဖြစ်သူကို ကြည့်ကာ သူမ သက်ပြင်းရှည်ချလိုက်သည်။

အဆက်အစပ်မရှိပဲ အိမ်ကိုရုတ်တရက်ပြန်လာတယ် ပြီးတော့ စိတ်ကပုံမှန်မဟုတ် ... ဘာမေးမေးမရတဲ့အပြင် အခုလည်းမပြောမဆို ထွက်သွားပြန်သည်။

Venus Flytrap  ( Book 1 )Where stories live. Discover now