Unicode"Kim Kai မင်းရူးနေတာလား … အဲဒီကောင်ကိုတော့ အိမ်ပေါ်လုံးဝ ခေါ်မတင်လာနဲ့ … ပြောမရတဲ့အဆုံး သူမှသူဖြစ်နေလို့ လိုချင်တယ်ဆိုရင်တော့ အိမ်ပေါ်ကနေဆင်းသွား"
ဘယ်တုန်းကမှ ကျနော့်အလိုကို ငြင်းဆိုခဲ့ခြင်း မရှိသည့် Appaက ဒီတစ်ကြိမ်မှာတော့ လုံးဝခါးခါးသည်းသည်း ကန့်ကွက်နေသည်။
"သားက လိမ္မာပါတယ် သေချာစဉ်းစားပါနော် … သူ့ကိုမြင်ရင် omma မြန်မြန် အသက်တိုမှာပဲ … သားက အခု ကလေးပဲမလို့ စိတ်ကစားတာပါ အလျင်စလို မဆုံးဖြတ်ပါနဲ့ Doctor Park သာ သားနဲ့ အသင့်တော်ဆုံး"
Omma ဘယ်လောက်ပဲ နားချပါစေ ကျနော်ဆုံးဖြတ်ချက်က ပြင်စရာမရှိမှာ သေချာသည်။
"သားဆုံးဖြတ်ပြီးပြီ…သူ့ကို မမြင်ချင်ရင်လည်း သီးသန့်အိမ်ခွဲနေပေးမယ်…သူ့ကို လက်ထပ်ဖို့ကိစ္စတော့ နောက်မဆုတ်နိုင်ဘူး"
ဧည့်ခန်းထဲ Ommaရဲ့ ငိုရှိုက်သံ ထွက်ပေါ်လာသည်။
Kim Kai ဆိုတဲ့ ကျနော်ကလည်း ခေါင်းမာသည့်နေရာတွင် နှစ်ယောက်မရှိသူ။
ဘယ်ကနေ သတင်းကြားလာသည်မသိသည့် Chanyeolလည်း ချက်ချင်းပဲ ကျနော်တို့အိမ်ကို ရောက်ချလာသည်။
အခုချိန်က ပုံမှန်ဆို သူ ဆေးရုံမှာ အလုပ်ရှုပ်နေချိန်မလား
"သားရေ သားကြီးကို ကူပြောပေးပါဦး… ommaတို့ ဘယ်လိုတားတား သူ နားမထောင်ဘူး "
Chanyeol အနားကို တဖြည်းဖြည်းတိုးလာသည်အထိ ကျနော် မလှုပ်မယှက် ငြိမ်နေမိသည်။
အခုချိန် ဘယ်သူတားတား Sehunကိုပဲ လက်ထပ်မှာ သေချာသည်။
" မင်း သူ့ကို ချစ်လား … သူ့ အကြောင်း ဘယ်လောက်သိလဲ … မင်းပဲပြောတယ် နောက်ကြောင်း မသိရင် လက်ထပ်ဖို့ စိတ်မသန့်ဘူးဆို "
"အဲဒါ ခင်ဗျားနဲ့လက်ထပ်မယ်ဆိုမှ ပြောတာလေ … Sehun နဲ့ လက်ထပ်ဖို့ဆို ခုနကပြောတဲ့စကားတွေ တစ်ခုမှ မလိုအပ်ဘူး"
Chanyeol လုံးဝ စိတ်ပျက်သွားသလိုနဲ့
"ဘာလို့ မလိုအပ်ရမှာလဲ … သိပ်ကို လိုအပ်တာပေါ့ … မင်း နောင်တ မရအောင် တားနေတာ … မင်းသိချင်တဲ့ ကိုယ့်ရဲ့ နောက်ကြောင်းတွေ အကုန်ပြောပြမယ် … အဲဒါဆို သူ့ကို လက်မထပ်ပဲ ကိုယ့်ကို လက်ထပ်မလား "

YOU ARE READING
Venus Flytrap ( Book 1 )
General Fictionသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...