Unicode
ကိုကို
…………
မျှော်လင့်ခြင်းတွေက တစ်ချိန်ချိန်မှာ ရင်ဝကိုဖောက်ထွင်းသွားမဲ့ မြှားတစ်စင်းအသွင် ကူးပြောင်းသွားမယ်ဆိုတာ ကြိုသိခဲ့ရင် ငယ်လေး ကိုကို့ကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားမိခဲ့မှာ မဟုတ်ဘူး
ထပ်ပြီးမျှော်လင့်ရမှာ ကြောက်သလို ကိုကိုကလွဲရင် ဘာမှမပိုင်ဆိုင်ခဲ့ဖူးတဲ့ ငယ်လေးဘဝမှာ ကိုကို့ထက်ပိုပြီး ဆုံးရှုံးစရာဆိုတာလည်း ရှိလာမှာမဟုတ်ဘူး
ဘယ်သူမှ မလိုချင်ခဲ့တဲ့ ငယ်လေးကို တဒင်္ဂလေးပဲဖြစ်ဖြစ် ကြင်နာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်
မိသားစုဆိုတဲ့ အသိုက်အဝန်းတစ်ခု ဖန်တီးပေးခဲ့လို့ ကျေးဇူးတင်ပါတယ်
ဘေးနားမှာ အရူးတစ်ယောက်လို တွယ်ကပ်နေမိခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်
ကိုကို့ရဲ့ ပျော်ရွှင်ရမဲ့ အနာဂတ်တွေကို ဖျက်စီးခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်
အခုချိန်ထိ ကိုကို့ကို ဒုက္ခပေးပြီး အသက်ရှင်နေခဲ့တာအတွက်လည်း တောင်းပန်ပါတယ်
……………………………………………………
စာရွက်လိပ်လေးတွေကို ပိုင်ရှင်ထည့်ထားသည့်အတိုင်း ဖန်ပုလင်းထဲကို ပြန်ထည့်လိုက်ကာ အဖုံးပိတ်လိုက်ပြီး စားပွဲခုံပေါ်သို့ မျက်နှာတစ်ခုလုံး မှောက်ချလိုက်သည်။တစ်ချိန်လုံး ဒုက္ခပေးနေသည့် မွန်းကျပ်မှုတွေအားလုံးကို ဖြေလျော့ချလိုက်ပြီး လွတ်လပ်ခွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း မှန်စားပွဲထက် မျက်ရည်စတွေ ပျံ့ကျဲသွားခဲ့သည်။
တောင်းပန်ပါတယ် ငယ်လေးရေ အားလုံး ကိုကို့ကြောင့်ပါ။
ဝေဝါးနေသည့်အတိတ်တွင် မျက်လုံးလေးတွေပျောက်သည်အထိ ရယ်ပြနေသည့် ကလေးတစ်ယောက်ရဲ့ ပုံရိပ်က သူ့နှလုံးအိမ်ထဲ ဆူးတစ်ချောင်းသဖွယ် စိုက်ဝင်လာလေသည်။
…………………………………………………
"သွား…သွား…မမြင်ချင်ဘူး ငါ့ရှေ့ကို ပေါ်မလာနဲ့"
YOU ARE READING
Venus Flytrap ( Book 1 )
Genel Kurguသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...
