Part-6

1.6K 225 67
                                        


Unicode

"ရေပန်းမဖွင့်ဘူးလား"

ပုံမှန်ဆို  Jonginနှင့်ကျနော့်ရဲ့ မွေးနေ့ပါတီ ကျင်းပတဲ့အခါ ခြံထဲမှာ အလှရေပန်းက Jongin ဖွင့်ထားနေကျ ဒီနှစ်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့။

"ဒီရေပန်းက Jongin မရှိတော့ ဘယ်တော့မှ ဖွင့်လို့ရတော့မှာ မဟုတ်ဘူးထင်တယ် Jongdae hyung"

ဘာလို့ဆိုတော့ ဒီရေပန်းကို Jongin လုပ်ခိုင်းထားတာဖြစ်ပြီး ဖွင့်ရမဲ့ခလုတ်ကလည်း Jongin သာသိသည်။ ပွဲမလုပ်ခင်က ဘယ်နေရာကနေဖွင့်ရမလဲ ရှာကြည့်သေးပေမဲ့ လုံးဝ ရှာမတွေ့တာကြောင့် လက်လျော့ထားရခြင်းသာ။

"Jonginမရှိတော့ ငါ့ကလေးလေး ပျင်းနေတော့မှာပဲ"

Jongdae ရင်ခွင်ထဲက ပါပီပေါက်စလေးကတော့ သူ့သခင်ပြောတာ နားလည်နေ၍ပဲလား ခြံထဲလှည့်ပတ်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသယောင်။

"သူက Jonginကို သိတယ်ပေါ့"

ကျနော် အမွှေးစုတ်ဖွားနဲ့အကောင်ပေါက်စလေးကို ချစ်စနိုးလေး ဆွဲဖက်မယ် လုပ်တော့ Jongdae ရင်ခွင်ထဲအတင်းတိုးဝင်သွားကာ အထိမခံ။

"သူက လူရွေးတယ်ကွ…သူစိမ်းတွေ အထိမခံဘူး"

ပါပီလေးက ကျနော့်ကို သဘောမကျသည့်ပုံစံ ဖြစ်နေတာကြောင့် ဆက်မထိတော့ပဲ နေလိုက်သည်။

"သူက ကျနော့်ကို Jongin လို့ မထင်ဘူးလား"

"သူတို့က လူတွေထက် ပိုပြီးအနံ့ခံ ခွဲခြားနိုင်တယ်…ငါ့ ကလေးက ငါကသာကျွေးမွေးထားရတာပါ …သူက ငါ့ထက် Jonginကို ပိုချစ်ခဲ့တာဆိုတော့ ခုရက်ပိုင်းတွေ သူ အထီးကျန်နေတယ်"

ကျနော် ထိုအကောင်ပေါက်လေးကို ကြည့်နေဆဲမှာပဲ Jongdae ရင်ခွင်ထဲက ထိုပါပီပေါက်လေးက ချက်ချင်းပဲ တစ်နေရာကို ပြေးဆင်းသွားသည်။

Jongdaeလည်း ရုတ်တရက်မို့ အံ့အားသင့်သွားကာ

"သူ ဘယ်ကို ပြေးသွားတာလဲ"

"အဲဒီဘက်မှာ ရေကူးကန်ရှိတယ် … ရေထဲပြုတ်ကျရင် အအေးမိနေဦးမယ်"

ပြောလည်းပြော ကျနော်နှင့် Jongdae ရေကူးကန်ရှိတဲ့ဘက် ပြေးပြီး သွားကြည့်တော့ ကျနော်တို့ကို ကျောပေးပြီး တစ်ယောက်ထဲ ထိုင်နေတဲ့ Sehun...။

Venus Flytrap  ( Book 1 )Where stories live. Discover now