Part-11

1.4K 196 35
                                    


Unicode

ကျွံပြီးသားစကားတွေက ပြန်နုတ်မရသလို ကိုယ်ထိလက်ရောက်ကျူးလွန်ဖူးသည့် အမှားတစ်ခုက အခုချိန်မှာ သူနှင့်Sehunကြား ဝေးသထက်ဝေးအောင် ပိုင်းခြားထားသည့် အရာတွေအဖြစ် အမြစ်တွယ်နေလေပြီ။

*ကိုကိုရေ ငယ်လေးကို လာခေါ်ပါနော်
ငယ်လေး ကိုကိုနဲ့ပဲနေချင်လို့ပါ…

နားထဲ အတိတ်ကစကားတို့ ပြန်ကြားနေရသည်။

………………………………………………

"Omma ငယ်လေးကို ခေါ်ပြီးရင် ဘာလို့ ဟိုကိုပြန်ပို့မှာလဲ"

"မိဘမဲ့ကျောင်းက ကလေးပျောက်တိုင်ထားတယ်လေ သားရဲ့ … ဒီတော့ သူ့ကို ကျောင်းပြန်ပို့ပြီးမှ ကျန်တာတွေထပ်ဆွေးနွေးလို့ရမှာ… Ommaတို့ ခေါ်ထားလို့ မရသေးဘူး"

Chanyeol အလိုမကျစွာ စူပုပ်လိုက်သည်။ ဘာလို့ ငယ်လေးကို သူ့မိသားစုက ဒီလို ထားရစ်ခဲ့ရက်တာလဲ။ သူကတော့ ဘယ်လိုနည်းမှ သူစိမ်းတွေနဲ့ ငယ်လေးကို တစ်ရက်တောင် မထားချင်ပါ။

ကားရပ်တာနဲ့ Chanyeol ချက်ချင်းပြေးဆင်းသွားသည်။

Shi Xun ကို မြင်လိုက်ရတော့ ရင်ဘက်တစ်ခုလုံး နာကျင်သွားရသည်။

Shi Xun မျက်နှာက ဒဏ်ရာဒဏ်ချက်တွေ ပွန်းပဲ့ရာတွေအပြင် အားကိုရာမဲ့နေသည့် Shi Xun မျက်ဝန်းတွေက သူ့ရင်ကိုစုတ်ပြတ်သတ်သွားစေသည်။

သူ ချက်ချင်းပဲ Shi Xun ဆီပြေးဖက်လိုက်သည်။ထိုအချိန်က သူ့ကို အားကိုးတကြီးဖက်တွယ်ထားသည့် လက်ချောင်းတွေထက် ပိုမိုအင်အားကြီးသည့် အရာ ဒီကမ္ဘာတွင် မရှိနိုင်ဟုတောင် Chanyeol ထင်မှတ်မိသည်။

"ငယ်လေး မငိုနဲ့တော့နော် … မကြောက်နဲ့တော့… ကိုကိုရှိတယ်"

……………………………………………

မိဘမဲ့ကျောင်းသူတို့ရောက်လာတော့ Shi Xun က Chanyeol ရင်ခွင်ထဲတောင် အိပ်ပျော်နေပြီ။

"သား သူ့ကို မနှိုးလိုက်နဲ့နော်"

Omma သတိပေးပေမဲ့ Chanyeol မနှိုးပဲ မထားခဲ့ရက်ပါ ။ သူ မနေချင်လို့ ထွက်ပြေးလာခဲ့သည့် မိဘမဲ့ကျောင်းထဲ သူနိုးလာလို့ ပြန်ရောက်နေတာ သိရင် Shi Xun ထပ်ငိုမှာ နာကျင်ရမှာ Chanyeol မလိုလား။ အနည်းဆုံးတော့ သူရှိနေချိန် ငိုပြီး သူချော့မော့နှစ်သိမ့်ထားချင်ခဲ့သည်။

Venus Flytrap  ( Book 1 )Where stories live. Discover now