Unicodeကျနော့်ရဲ့ အခန်းက သာမန်အိမ်တစ်လုံးစာတော့ ကျယ်တာမလို့ အိမ်ကသူတွေနဲ့ အဆင်မပြေသည့်သူ အနေရမခက်အောင် အပြင်ထွက်လာစရာမလိုအောင် ရေခဲသေတ္တာထဲ သူကြိုက်သည့် နို့ဘူးတွေ အပြည့်ဖြည့်ပေးထားလိုက်သည်။
"ကိုကိုလေး ညစာစားမယ်တဲ့"
အိမ်အကူကောင်မလေး လာခေါ်တော့ ကျနော် သူ့အတွက်နို့ဘူးတွေ ထုတ်ပေးလိုက်ပြီး
"အကြောင်းကိစ္စမရှိရင် အောက်ဆင်းမလာနဲ့"
သူ ဘာမှပြန်မဖြေပဲ ခေါင်းပဲညိတ်ပြတာနဲ့ အခန်းပြင်ထွက်လာပြီး ပိုသေချာအောင် အပြင်ကနေ Lock ချထားလိုက်သည်။
Appaက တစ်ယောက်ထဲဆင်းလာသည့် ကျနော့်ကို ကြည့်ပြီး
"မင်းတစ်ယောက်ထဲလား"
"သူက မစားချင်ဘူးဆိုလို့"
"ဒါလည်း ကောင်းတာပဲ မမြင်ချင်တဲ့မျက်နှာ မမြင်ရတာပေါ့"
ကျနော်ဘာမှပြန်ပြောချင်စိတ် မရှိတာကြောင့် ကိုယ့်နေရာမှာသာ ဝင်ထိုင်ပြီး စားစရာရှိတာတွေသာ ဆက်စားနေလိုက်သည်။
ommaက ဟင်းတွေထည့်ပေးနေရင်း
"သား သူနဲ့လက်ထပ်ထားတာ ommaတို့ကလွဲရင် ဘယ်သူမှ မသိဘူး … အသိခံလို့လည်းမရဘူး သားမွေးနေ့ခြံထဲမှာ လုပ်တဲ့အခါ… သူ့ကို မြင်လို့ အသိတွေကမေးရင် တောက်တိုမယ်ရခိုင်းဖို့ ခေါ်ထားတယ်ပဲ ဖြေလိုက်နော်…ပြီးတော့ ဟိုဘက်အိမ်က မင်းသူငယ်ချင်း Baekhyunလည်း ပြန်ရောက်နေပြီပြောတယ်…ဘေးဘက်အိမ်က Yi Fan လည်း ပြန်ရောက်နေတယ် ommaတို့ကတော့ ဒေါက်တာ Parkနဲ့ မဟုတ်ရင်တောင် သူနဲ့ကွာရှင်းပီးရင် နှစ်ယောက်ထဲက တစ်ယောက်နဲ့"
"Omma"
ကျနော် စားလက်စ တူကို စိတ်မရှည်တော့စွာ ပစ်ချလိုက်သည်။
ကွာရှင်းတယ် … ကွာရှင်းဖို့ဆိုတာ စာချုပ်ပေါ် လက်မှတ်ထိုးထားမှ … Oh Sehun နှင့် ကျနော့်ကြား နှုတ်ကတိတွေကလွဲ ဘာစာချုပ်စာတမ်းမှမရှိ … ဒီကိစ္စသာ ommaတို့ သိရင် ချက်ချင်းပဲ Sehunကို အိမ်ပေါ်ကတောင် ဆွဲချမလားပဲ … သူတို့ Sehunကို မလိုတာထားပါ …အခုဟာက သူငယ်ချင်းလို ညီအစ်ကိုလို ဖြစ်နေသည့် Baekhyun တို့ Yi Fan hyung တို့နဲ့ စီစဉ်ဖို့ ကြံစည်နေတာက ဘယ်လောက် သူတို့နှစ်ယောက်ကို အားနာဖို့ကောင်းလိုက်လဲ …

YOU ARE READING
Venus Flytrap ( Book 1 )
General Fictionသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...