Part-13

1.4K 191 17
                                        


Unicode

"Hyung ... ကူညီပါ​နော်​ Chanyeol က Hyung သူငယ်​ချင်းပဲ ... ကျ​နော်​တို့ အဆုံးထိ Sehun အတွက်​ လက်​မ​လျော့ပဲ ဆက်​သွားရ​အောင်​​နော်​ "

Sehunအတွက်​ Serious ဖြစ်​လွန်းနေတဲ့ Jongdaeကို Jun Myeon ကြည့်လိုက်​ရင်း

"မင်း Sehun အတွက်​ ဒီ​လောက်​ထိ စိတ်​ပူလိမ့်မယ်​ မ​ထင်​ထားဘူး ... မင်း သူ့ကို စိတ်​မနာဘူးလား"

"သူက တစ်​ချိန်​က ကျ​နော့်ရဲ့ အချစ်​ဦးပဲ​ ... အခုလို ​သေ​တော့မလို ဖြစ်​​နေတဲ့ အ​ခြေအ​နေမှာ ကျ​နော်​က ဆရာ၀န်​တစ်​​ယောက်​ မပီသစွာ အ​ငြိုး​တေးထား​နေရမှာလား"

ဒီ​တော့မှ Jun Myeon တုန်​လှုပ်​သွားပြီး

"ဘာ​ပြောတယ်​ ... ​ရောဂါက အခုမှ အစပျိုးတာ မဟုတ်​ဘူးလား"

Jongdae သူ ယူလာတဲ့ ​ဆေးစာရွက်​​တွေကို Junmyeon ဆီ လွှဲ​ပြောင်းပေးလိုက်​ကာ

"တခြားသူတစ်​​ယောက်​ဆို အခုအ​ခြေအ​နေက ကုသရင်​မှီဦးမလား မသိ​ပေမဲ့ Sehunက သူနာကျင်​ရတဲ့ ဝေဒနာ​တွေ သက်​သာဖို့ ​ထုံ​ဆေး​တွေ အိပ်​​ဆေး​တွေ အသုံးပြုထားတဲ့အပြင်​ သူ့​ရောဂါအတွက်​ လုံး၀မသုံးသင့်တဲ့ အကိုက်​အခဲ​ပျောက်​​ဆေး​တွေအထိပါသုံးထားတယ်​ ... အဲဒီ​ဆေး​တွေက တရားမ၀င်​​ဆေး​တွေ ဘိန်းတွေလိုပဲ ယာယီအားဖြင့် နာကျင်​မှုတွေကို သက်​သာ​စေ​ပေမဲ့ အချိန်​ကြာလာတာနဲ့အမျှ ​ဆေးစွဲလာပြီး ဆက်​အသုံးမပြုရင်​လည်း ​သူပဲအလူးအလဲခံရမှာ ... အသုံးပြုရင်​လည်း ​သေမဲ့​နေ့ထိုင်​​စောင့်ခိုင်းသလိုဖြစ်​​နေပြီ... အခုချိန်​​ဆေးဖြတ်​ပြီး ကျ​နော်​တို့​ဆေး​တွေနဲ့ကုသရင်​​တောင်​ သူ ​နာကျင်​မှုတွေ မခံစားနိုင်​​လောက်​​ဘူး ..."

Jongdaeဆီက Sehun အ​ကြောင်း သိလိုက်​ရချင်းပင်​ Jun Myeon မှိုင်ကျသွားခဲ့သည်​။

"အခုချိန်​မှ​ရော ငါတို့​ကုသလို့ သူ့ခန္ဓာကိုယ်​ထဲက ကင်​ဆာဆဲလ်​​တွေက ငါတို့​ဆေး​တွေကို လက်​ခံနိုင်​ပါဦးမလား .. အဲဒီ​ အန္တရာယ်​များတဲ့ ​ဆေး​တွေသုံး​လာခဲ့တာ သူ့ကိုယ်​သူ ​သေ​ကြောင်းကြံ​စည်​​နေခဲ့တာ မဟုတ်​ဘူးလား"

Venus Flytrap  ( Book 1 )Where stories live. Discover now