Unicodeဘယ်လောက်တောင် လူကခုတလော စိတ်နဲ့ကိုယ်နဲ့ မကပ်တော့သလဲဆို နေ့တိုင်းဝင်ထွက်နေတဲ့ ကိုယ့်အိမ်ထဲတောင် ခလုတ်တိုက်ပီးလဲသည်အထိ။
"အစ်ကိုလေး ရရဲ့လား"
အိမ်အကူကောင်မလေးအချို့က အနားကိုရောက်လာပေမဲ့ ထူဖို့နေနေသာသာ အသားကိုတောင်မထိရဲကြ။
ဘယ်သူမှလည်းထူမဲ့သူမရှိတဲ့အပြင် ထူပေးမဲ့သူလည်း သွားမခေါ် ဘေးကနေရပ်ကြည့်နေသည်။
"Sehunကိုသွားခေါ်"
နာတဲ့အရှိန်နဲ့ ဒေါသကလည်းထွက်…အကျောလွဲသွားပြီလား မသိဘူး
ခဏနေတော့ အိမ်အကူကောင်မလေးနှင့်အတူ Sehun အနားကို ရောက်လာခဲ့ပြီး ကျနော့်ကို ထူပေးမည်ထင်ပေမဲ့ မထူပေးပဲ ပွေ့ချီလိုက်သည်။
သူ့ရင်ခွင်က အကျယ်ကြီးပဲ
ပြီးတော့ နွေးထွေးသွားသလိုပဲဘာတွေလျှောက်တွေးနေတာလဲ
မော့ငေးကြည့်နေမိသည်ကနေ မျက်စိမှိတ်ထားလိုက်သည်။
မဟုတ်ရင် သူ့မျက်နှာကြည့်ပြီး ပေါက်ကရ အတွေးပေါင်းစုံ လျှောက်တွေးနေမှာ။
အခန်းထဲမှာအိပ်ရာပေါ်ချပြီး ဆေးဘူးယူလာကာ လူးပေးမည်လုပ်တော့ ကျနော်သူ့လက်ကိုဆွဲပြီး ကျနော်နဲ့အတူတူ အိပ်ရာပေါ်ရောက်အောင် တွန်းလှဲလိုက်သည်။
ပြီးတော့ သူ့အပေါ်ကနေ အုပ်မိုးလိုက်ကာ သူ့မျက်လုံးတွေ စူးစိုက်ကြည့်ပြီး ကျနော်သိချင်သည်များ အဖြေရှာမိလည်း အေးစက်နေသည့် မျက်လုံးတွေက ဘယ်အရာမှ မှန်းဆလို့မရ။
"ငါမေးရင် အမှန်တိုင်းဖြေမှာလား Sehun"
မေးလိုက်တော့ သူထလိုက်မည်လုပ်တာနဲ့ ထလို့မရအောင် လက်နှစ်ဖက်နဲ့ သူ့ပခုံးတွေကိုဖိထားလိုက်သည်။
သူလှုပ်ရှားမှုကင်းမဲ့ကာ ငြိမ်သက်သွားသည်။
"မေး"
တစ်လုံးထဲ ခပ်ပြတ်ပြတ်ထွက်လာသည်။
"Yi Fan hyung ရဲ့ Ommaနှင့် Baekhyunရဲ့ Appaက ဘာလို့ မင်းမိဘတွေ ဖြစ်နေတာလဲ"

YOU ARE READING
Venus Flytrap ( Book 1 )
Ficción Generalသူဆိုတဲ့ လူကလေ ဒီကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ကြောက်စရာအကောင်းဆုံး လူသား...